အနီရဲရဲ ဝတ်စုံလေးက ဖြူဖွေးဝင်းဥတဲ့ အလှတရားတွေ ဆွဲဆောင်မှုရှိလွန်းနေ တဲ့ ပက်ထရစ်ရှာ
|မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ နိုင်ငံခြားသူလေးလို့ အထင်မှား ရလောက်အောင်ကို ဘိုဆန်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပက်ထရစ်ရှာရဲ့အသားအရေလေးက စိုပြေဝင်းပတဲ့အပြင် သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းကလည်း ဘာမှအပြစ်ပြောစရာမ လိုလောက်အောင်ကို ပြီးပြည့်စုံနေတာ ဖြစ်ပါတယ် ။ ပက်ထရစ်ရှာက သရုပ်ဆောင် အဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးသလို Model အဖြစ်လည်း Photo Shooting တွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။
အခုချိန်မှာ ပက်ထရစ်ရှာက ငယ်ရွယ်နုပျိုပြီး အစွမ်းကုန် လှသွေးကြွယ်နေတဲ့ သူလေးဖြစ်တာကြောင့် ပုရိသတွေက သူမကို ပိုကြွေနေရတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ပက်ထရစ်ရှာတစ်ယောက် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း ပက်ထရစ်ရှာက Christmas အတွက် အမိုက်စား ပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။
ပက်ထရစ်ရှာက Christmas Theme နဲ့ကိုက်ညီအောင် အနီရောင်ဝတ်စုံလေး ကို ဝတ်ဆင်ထားပြီး ရဲရဲတောက် လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ် ။ အရမ်းလန်းလွန်းတဲ့ဖက်ရှင်လေးက ပက်ထရစ်ရှာနဲ့အရမ်းကိုလိုက်ဖက်နေသလို သူမရဲ့ဖြူဖွေးဝင်းဥတဲ့အလှတရားတွေကိုလည်း ပိုမိုထင်ဟပ်စေခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့အမိုက်စားအလှပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။
Source & Photo Credit-Kan Su Ho Photography