ပြည်သူတွေကို အရေးယူတိုင်ကြားမှုတွေပြုလုပ်သွားဖို့ သတိပေးစာ ထုပ်လိုက်တဲ့ နေခြည်ဦး
|ပရိတ်သတ်ကြီးရေ Beauty Blogger လည်းဖြစ် သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ မင်းသမီး နေခြည်ဦးကတော့ယခုဆိုရင် အနုပညာနယ်ပယ်မှာ ပရိတ်ကြီးနှင့် ဝေးကွာခဲ့တာ တော်တော်ကြာခဲ့ပါပြီ။
မင်းသမီး နေခြည်ဦးဟာဆိုရင် အနုပညာ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ကျရာနေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ပါ။ယခုလို ကိုဗစ် ကာလကြီးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကာလကြီးမှ သူမနှင့် ပတ်သတ်ပြီး လူမှု့စာမျက်နှာတွေကနေ တိုက်ခိုက်နေတာတွေလည်း တွေ့ရပါတယ်။
ထိုအကြောင်း အရာတွေနှင့် ပတ်သတ်ပြီး သူမက ပြည်သူလူထုကို ကြေငြာချက် စာတစ်စောင် ထုတ်ပြန် လိုက်ပါတယ်။နေခြည်ဦး အနေဖြင့် beautybynaychiအမည်များအား မိမိတို့၏ လူပုဂ္ဂိုလ်သုံး သတင်းမီဒီယာသုံး စီးပွားရေးသုံး social media များတွင်
နေခြည်ဦး၏ သဘောတူညီချက်ရယူ ခြင်းမရှိဘဲ ကူးယူဖြန့်ဝေခြင်း ရေးသာဖော်ပြခြင်းနေခြည်ဦး၏ ဓာတ်ပုံများနှင့် video fileများအား မိမိတို့၏ social media စာမျက်နှာများအား ထည့်သွင်းအသုံး ပြုရန်အတွက်မိမိ၏ ခွင့်ပြုချက်မယူဘဲ ကူးယူဖြန့်ဝေခြင်းရေးသား ဖော်ပြခြင်း မပြုလုပ်ရပါလို့ ရေးထားပါတယ်။ပြီးတော့ မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေမဲ့ အကြောင်းအရာများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ရေးသားခြင်းကူးယူခြင်းဖြန့်ဝေခြင်းများကို ထိရောက်စွာ အရေးယူသွားမည် ဆိုတဲ့အပြောင်း အသိပေးထားပါတယ်။
social media ပေါ်မှာ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး တိုက်ခိုက်နေမှု့များကို သက်ဆိုရာအဖွဲ့အစည်း အရပ်ရပ်ကနေ တည်ဆဲဥပဒေအတိုင်းအရေးယူသွားမည် ဆိုတဲ့အကြောင်း ပြည်သူလူထုကို ယခုလိုပဲ အသိပေးအကြောင်းကြား စာထုတ်ပြန်လိုက်ပါတယ်။
Credit