အသက်နှင့် မလိုက်အောင် အရွယ်တင်နုပျိုနေတာကြောင့် ကောင်လေးများကြားတွင် သမီးထက် အမေဖြစ်သူ က ပိုပြီးရေပန်းစားနေသည့် အဖြစ်

ဂျပန်နိုင်ငံမှ ကြင်ဖော်မဲ့မိခင်တစ်ဦးသည် အသက် ၄၀နှစ်အရွယ် ရှိပြီဖြစ်သော်လည်း မထင်မှတ်ထားလောက်အောင် အရွယ်တင်ကာ နုပျိုချောမောလှပနေတာကြောင့် လူတိုင်းက သူမဧ။်အလှအပရေးရာ လျှို့ဝှက်ချက်ကို သိချင်နေကြသည်။

မိခင်ဖြစ်သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ပြီး ကံမကောင်းစွာပဲ ခင်ပွန်းဖြစ်သူနှင့် အမြဲလိုလို စကားအချေအတင်ဖြစ်ကာ သည်းမခံနိုင်တော့သည့်အဆုံး ကွာရှင်းပြတ်စဲခဲ့ကြသည်။

ထို့နောက် သမီးလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ကာ သမီးလေး အသက် ၁၉နှစ်အရွယ်ရောက်ခဲ့သော်လည်း သူမဧ။်အလှတရားသည် မပျက်စီးသေးပဲ အပြင်ထွက်သည့်ချိန်တိုင်း ညီအစ်မတွေလားဟုပင် အမြဲအမေးခံခဲ့ရသည်။

မိခင်ဖြစ်သူဧ။် ဆွဲဆောင်မှုရှိနေသေးသော အလှတရားကြောင့်ပဲ လူငယ်ကောင်လေးအများစုမှာ သမီးလေးထက် သူမကိုရည်းစားစကားပိုလာပြောကြပြီး တစ်သက်လုံးစာ တာဝန်ယူချင်နေကြသည်။

သို့သော်လည်း မိခင်ဖြစ်သူသည် နောက်အိမ်ထောင်ပြုဖို့ရာကို လုံးဝစိတ်မဝင်စားပဲ သူမဘဝတစ်လျှောက်လုံး သမီးလေးကို အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပေးဖို့သာ ဆုံးဖြတ်ချက်ချထားခဲ့သည်။

ထို့အတူ မိခင်ဖြစ်သူသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်နှင့် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် ယခုလို နုပျိုနေဆဲဖြစ်ကြောင်းကိုလည်း ပြောပြခဲ့သည်။crd

Add a Comment

Your email address will not be published. Required fields are marked *