ကျော်ထက်အောင်ရဲ့ မွေးနေ့လေးမှာ တစ်ချိန်က အမှတ်တရ ပုံရိပ်တွေနဲ့အတူ ဆုတောင်းပေးလိုက်တဲ့ ဖြူဖြူကျော်သိန်း

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ပရိသတ် အချစ်တော် ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ Myanmar Idol အစီစဉ်ကနေ စပြီး လက်တွဲကာ အတူတူ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြပါတယ် ။

ဆိုရှယ်မီဒီယာ အထက်မှာလည်း သူတို့နှစ်ယောက်ရဲ့ romantic ဆန်ဆန် ရိုက်ကူးထားတဲ့ ပုံလေးတွေကြောင့် အားလုံးရဲ့ အာရုံဆိုက်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးကတော့ ကျော်ထက်အောင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ရာ ဖြူဖြူက အမှတ်တရ ပုံရိပ်လေးတွေနဲ့ အတူ သတိတရ ဆုမွန်ကောင်းတောင်းပေးလာပါတယ် ။

ခုချိန်မှာ ဖြူဖြူအနေနဲ့ ထွက်ပြေး တိမ်းရှောင်နေရတာမို့ အရင်လို မွေးနေ့ အမှတ်တရ ကိတ်မုန့်လေး ဖုတ်ပြီး မပို့ပေးနိုင်တာကို စိတ်မကောင်းရကြောင်းနဲ့ ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ်လို့ ရေးသားဖော်ပြထားပါတယ် ။ ပရိသတ်ကြီးအတွက် ဖြူဖြူနဲ့ ကျော်ထက်အောင်ရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Phyu Phyu Kyaw Thein

Add a Comment

Your email address will not be published. Required fields are marked *