ပျုစောထီး အဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသလို. သင်တန်းပေးခြင်း .လက်နက်တပ်ဆင်ပေးထားခြင်းလည်း မရှိဟု နစက ကောင်စီ ပြော
|ပျုစောထီး သတင်းများကို အွန်လိုင်းပေါ်တွင်ရေးသားမှုများသာတွေ့ရဟု ဆို
စက်တင်ဘာ ၁၅.နေပြည်တော်
လူမှုကွန်ယက် ပေါ်တွင် တပ်မတော်
၏ ကျောထောက်နောက်ခံ ဖြင့် ဖွဲ့စည်းထားသည်ဆိုသည့်
ပျုစောထီး အဖွဲ့များ၏ သတင်းများတွေ့နေရသော်လည်း ဖွဲ့စည်းထားခြင်း မရှိသလို ပျုစောထီး နှင့် ပက်သက်ပြီး မည်သည့် သဘောထားမှလည်း မရှိကြောင်း နစက ကောင်စီ မှ သတင်းပြန်ကြားရေး group တွင် ယနေ့ ဖြေကြားထားသည်.
မည်သူမဆို ဥပဒေ လေးစားလိုက်နာရမည်ဖြစ်ပြီး ချိုးဖောက်ပါက အရေးယူမှူ နှင့် ပြစ်ဒဏ်များကို ခံရမည် ဖြစ်ကြောင်း. ပျုစောထီး အဖွဲ့ကို ဖွဲ့စည်းထားခြင်း.သင်တန်းပေးခြင်း.လက်နက်တပ်ဆင်ပေးခြင်း မရှိကြောင်း ဖြေကြားထားသည်.
မြန်မာလူထုမီဒီယာ
#ပျုစောထီး