အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု နိုင်ငံတကာရုပ်ရှင်ပြပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆု အတွက် ဆန်ကာတင်စာရင်းပါဝင် (ရုပ်သံ)

ဒါရိုက်တာဏကြီးရဲ့ကြိုးစားမှုတစ်ခုဖြစ်တဲ့ ” What happened to the Wolf? ” ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့နှစ်ယောက်သားဟာ အတွဲညီညီနဲ့အချိတ်အဆက်မိမိ သရုပ်ဆောင်သွားခဲ့ပြီး လက်ရှိမှာတော့ Oldenburg International Film Festival တွင်

Seymour Cassel Award for Outstanding Performance အတွက် Nomination တွင် နှစ်ဦးစလုံး ပါဝင်နေခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ Official Trailer ကို သြဂုတ်လ (၁၄) ရက်နေ့မှာ ပရိသတ်တွေကိုချပြခဲ့ပြီး Trailer မှာတင် အတော်လေး လူကြိုက်များခဲ့ပါတယ်။

ဒီရုပ်ရှင်ကားကို မြန်မာနိုင်ငံမှာပြသခွင့်မရသေးပေမယ့် ဂျာမနီနိုင်ငံမှ Oldenburg International Film Festival တွင် Official Competitation အတွက် ရွေးချယ်ခြင်းခံထားရပြီး World Premiere အဖြစ် ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Oldenburg International Film Festival ကို Oldenburg မြို့တွင် စက်တင်ဘာလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကာ ဒါရိုက်တာဏကြီးရဲ့ ကောင်းမွန်တဲ့ နောက်ထပ်ဖန်တီးချက်တစ်ခုဖြစ်ပြီး ဟာကွက်မရှိအောင် ရိုက်ကူးထားတယ်

ဆိုတာ Trailer မှာတင် သိသာလွန်းနေပါတယ်။ မြန်မာ့ရုပ်ရှင်ကို အဆင့်မြင့်မြင့်ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ မျှော်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းဖြစ်လာမှာပါ။ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ဟာ လက်ရှိအခြေအနေအရ အြ.ကပ်အတ.ည်း

ထဲကို ရောက်ရှိနေတာဖြစ်တာကြောင့် သူတို့ရဲ့ကြိုးစားမှုကို သူတို့ကိုယ်တိုင် မမြင်တွေ့ရတာတော့ စိတ်မကောင်းစရာပါပဲ။ အခ.ျု.ပ်အေ.နှ.ာ.င် အတ.ာ.းအ.ဆီ.းတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ရွှေရောင်လွှမ်းတဲ့နေ့တွေ ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *