တိမ်းရှောင်ထွက်ပြေးနေရတာကြောင့် နေမကောင်းဖြစ်နေတာတောင် ဆေးခန်းသွားမပြနိုင်တဲ့ သူမရဲ့အဖြစ်ကို ဝမ်းနည်းစွာ ဖွင့်ဟလာတဲ့ မေ

ပရိသတ်ကြီးရေ အဆိုတော် မေကတော့ ပုဒ်မ ၅၀၅(က) ထုတ်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးပါပဲနော်။ . . . . . . . သူမကတော့ အခုချိန်ထိ ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်နော်။ . . . . . . . အခြေအနေအရပ်ရပ်ကြောင့် နေမကောင်းဖြစ်နေတာတောင် ဆေးခန်းသွားပြတဲ့အခါ အဖမ်းခံရမှာ စိုးတဲ့အတွက် ဝေဒနာတွေကို ပြင်းထန်စွာ ခံစားနေရကြောင်း မေမှ ဖွင့်ဟလာခဲ့ပါတယ်နော်။ . . . . . . .

” အခုထိ ကျန်းမာရေး မကောင်းရှာဘူး.. အတိတ်ဘဝ ဝဋ်ကြွေးလား .. ဘယ်တတ်နိုင်ပါ့မလဲနော်.. အခုလဲ ၅၀၅ကကြောင့် ဆေးခန်းသွားမပြရ စစ်စရာရှိတာတွေလဲမစစ်ရတာကြာခဲ့ပြီ.. တစ်ခုခုဖြစ်တိုင်း ဖုန်းထဲကနေ သေချာလေးtreatment ပေးတဲ့ဆရာဝန်တွေရဲ့ ကျေးဇူးကြီးလှတယ်.. 🙏🏻 အနားမှာရှိတဲ့သူတွေ မငြိုငြင်ရင်ပဲ ကျေးဇူးတင်မိပါပြီ… ၉၆ပါးရောဂါ အထူးသဖြင့် အစာအိမ်ကတော့ ပျောက်ကာမှ ပျောက်ပါတော့.. စိတ်ဖိစီးတဲ့အခါပိုဆိုး.. စိတ်ချမ်းသာစရာကလဲ မရှိတော့လေတော့…” လို့ ဝမ်းနည်းစွာ ရေးသားလာခဲ့ပါတယ်နော်။ . . . . . . .

မေဟာ နှစ်စဉ် ဒီလိုအချိန်ရောက်တိုင်း အစာအိမ်ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်းကိုလည်း memories လေးတွေ ရှဲလ်ပြီး ဝေမျှခဲ့ပါသေးတယ်နော်။ . . . . . . . ပရိသတ်ကြီးလည်း အဆိုတော်မလေး မေ အမြန်ဆုံး နေပြန်ကောင်းစေဖို့ဆုတောင်းပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေနော်။ . . . . . . .

Add a Comment

Your email address will not be published. Required fields are marked *