ဟာသ သရုပ်ဆောင် ဦးချစ်စရာ ရဲ့ လက်ရှိကျန်းမာရေး အခြေနေ

အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်မှုတွေနဲ့ ရပ်တည်လာတဲ့ ဦးချစ်စရာကတော့ မကြာခင် ရက်ပိုင်းက အောက်ဆီဂျင်တွေ ရုတ်တရက် ထိုးကျခဲ့တာကြောင့် ဝေဠုကျော်ဖောင်ဒေးရှင်းကနေပြီး

အောက်ဆီဂျင်အိုးများ သွားရောက် ဌားရမ်းတပ်ဆင်ပေးခဲ့ရပါတယ် ။ အောက်ဆီဂျင်တွေ ကျပြီး နောက်ရက်မှာပဲ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့် ဆေးရုံကို ရုတ်တရက် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ် ။

ဦးချစ်စရာရဲ့ ခံစားနေရတဲ့ ဝေဒနာကို မကြည့်ရက်တာကြောင့် ဝေဠုကျော်ကပဲ အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ တာကိုလည်း တွေ့ရပါတယ် ။

ဒီလို ဆေးကုသမှုခံယူနေတဲ့ ဦးချစ်စရာက မနေ့က ညနေပိုင်းလောက်မှာတော့ ရောဂါအခြေအနေ သက်သာပျောက်ကင်းလာတာကြောင့် ဆေးရုံက ဆင်းခွင့်ရရှိခဲ့ကြောင့် ဝေဠုကျော်က သူရဲ့ အကောင့်မှာရေးသားဖော်ပြလာပါတယ် ။

ဆေးရုံဆင်းတဲ့ ကိစ္စအဝဝကိုလည်း ဝေဠုကျော်ကပဲ ဆောင်ရွက်ပေးခဲ့ပါတယ် ။ပရိသတ်ကြီးအတွက် ဒိသတင်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။crd

Add a Comment

Your email address will not be published. Required fields are marked *