အရင်အချိန်တွေကို သတိရ တမ်းတ လွမ်းဆွတ်နေကြောင်း ရင်ဖွင့်စကားလေး ဆိုလာတဲ့ ဝေလာရီ

သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီကတော့ “နှင်းဆီ” ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့အချစ်ကို စတင်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။ . . . . . . . တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် အရည်အချင်းပြည့်ဝတဲ့ ဝေလာရီက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုရခဲ့တာပဲ ဖြစ်ပါတယ် ။ . . . . . . .

ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ပြီး ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် လက်ရှိ အချိန်မှာ ပရိသတ်တွေ အားပေး ထောက်ခံမှုကို တစ်ခဲနက် ရရှိထားတာ ပဲဖြစ်ပါတယ်။ . . . . . . . အဆိုတော်လိမ္မော်သီးရဲ့ ညီမလေးလည်းဖြစ်ပြီးတော့ မွန်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်ပြီးချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်တဲ့သူလေးလည်းဖြစ်ပါတယ်။ . . . . . . .

အခုလည်း တစ်ချိန်က အမှတ်တရပုံရိပ်လေးတွေကို တင်ကာ အရင်အချိန်တွေကို သတိရ လွမ်းဆွတ်နေကြောင်း ရေးသားဝေမျှလာပါတယ် ။ . . . . . . . မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေရှိရှိ အရမ်းလှနေတဲ့ ဝေလာရီရဲ့ ပုံရိပ်တွေက ပရိသတ်တွေကို အချစ်ပိုစေမှာပါ ။ . . . . . . . ပရိသတ်ကြီးအတွက် ဝေလာရီရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ် ။ . . . . . . .

Yuan – Cele Zone

Photo – Wai Lar Ri

Add a Comment

Your email address will not be published.