အလန်းစားကကွက်တွေနဲ့ အပီအပြင် ကပြပြီး အားရပါးရခွီနေတဲ့ ရွှေကစ်

ရွှေကစ်လေးက အခုလည်း သူချစ်ရတဲ့ မိတ်ကပ် Shine တို့နဲ့အတူ ပျော်ပျော်ပါးပါးကပြီး Tik Tok ကစားခဲ့တာပဲ ဖြစ်ပါတယ် ။ အလန်း စားကကွက်လေးတွေနဲ့ ချစ်စရာကောင်းအောင်ကနေတဲ့ ရွှေကစ်လေးတို့အဖွဲ့ကတော့ ရယ်ချင်စိတ်ကိုထိန်းပြီး အကောင်းဆုံးကပြခဲ့ကြ တာ ဖြစ်ပါတယ် ။ ကဲ အရမ်းမိုက်သလို ပျော်ဖို့လည်းကောင်းနေတဲ့ ရွှေကစ်တို့ အဖွဲ့ရဲ့Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ နုဖတ်လှပတဲ့ မျက်နှာလေး နဲ့အတူ ဖြူဖွေးဝင်းဥတဲ့ အသားအရေလေးကိုပါ ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ဦးပဲ ဖြစ်ပါတယ် ။

ကိုရီးယားမလေးလို့တောင် ထင်မှတ်ရတဲ့ ရွှေကစ်က အခုချိန်အထိ ဆယ်ကျော်သက်လေးလို နုပျိုနေဆဲပါပဲနော်။ ဒါ့အပြင် ရွှေကစ်လေး က သူမရဲ့ပိန်ပိန်သွယ်သွယ် Body လေးကိုလည်း စနစ်တကျ ထိန်းထားနိုင် တာ ဖြစ်ပါတယ် ။လူချစ်လူခင်ပေါများတဲ့ ရွှေကစ်လေးကို ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ဝန်းရံအားပေးကြတာ ဖြစ်ပါတယ် ။ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုမှတ်တိုင်စိုက်ထူထားတဲ့ ရွှေကစ်လေးက ထိပ်ဆုံးမှာရပ်တည်နေတာပဲ ဖြစ်ပါတယ် ။ ရွှေကစ်လေးက ပျော်ပျော်နေတတ် သလို လွတ်လပ်ပေါ့ပါးစွာနေတတ်တာကြောင့်လည်း သူမရဲ့ မိတ်ကပ်ဆရာ၊ Stylist တွေနဲ့ဆိုရင် အရမ်းကို ရင်းနှီးနေတာ ဖြစ်ပါတယ် ။

Source & Video Credit-Wutt Hmone Shwe Yi’s Tik Tok Acc

Add a Comment

Your email address will not be published. Required fields are marked *