စစ္သားမယား မ်ား ပါ လက္နက္ကိုင္တိုက္ခိုက္ရန္ စစ္ေကာင္စီ ၫႊန္ၾကား

စစ္ေကာင္စီလက္ေအာက္ခံ တပ္ရင္း/တပ္ဖြဲ႕မ်ားအား PDFဘက္မွ တိုက္ခိုက္လာပါက ျပန္လည္တုံ႔ျပန္တိုက္ခိုက္ရန္ အစီအမံေရးဆြဲရာတြင္ စစ္သည္မိန္းမ (ရဲေမ)မ်ားကိုပါ လိုအပ္သည့္ ခဲယမ္း/လက္နက္မ်ား တပ္ဆင္ေပးရန္စက္ တင္ဘာ ၁၄ ရက္စြဲပါ ေၾကးနန္းစာျဖင့္ ၫႊန္ၾကားထားေၾကာင္း သိရသည္

အိမ္ေထာင္သည္ရဲေမမ်ားအား လက္နက္ ထုတ္ေပးခဲ့စဥ္
ယခင္႐ွမ္းေျမာက္တိုက္ပြဲမ်ားအပါအဝင္ တိုင္း ရင္းသားလက္နက္ကိုင္နယ္ေျမမ်ားအတြင္း တည္႐ွိေသာ တပ္ရင္း/တပ္ဖြဲ႕မ်ား႐ွိ စစ္သည္မိန္းမမ်ားကိုသာ ယင္းသို႔ေစခိုင္းျခင္းမ်ိဳး႐ွိၿပီး ယခုကာလတြင္ PDFမ်ားေနရာအႏွံ႔႐ွိေန၍ တပ္ ရင္းအားလုံးကို ၫႊန္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္

အမည္မေဖာ္လိုတဲ့ စစ္သားဇနီးသည္ တဦးက ေျပာျပတာက တပ္ရင္းမႈး၊ ဗိုလ္ႀကီး၊ ဗိုလ္ေလး၊ စစ္သည္ အားလုံးေသာ စစ္သားဇနီးမယားေတြကို ရဲေမလို႔ ေခၚၿပီး သူတို႔ဟာ လက္နက္ကိုင္သင္တန္းေပးခံထားရသူေတြျဖစ္ပါတယ္လို႔ ဧရာဝတီ သတင္းမွာေဖာ္ျပထားပါတယ္

တပ္ထဲမွာ အရာ႐ွိ ဇနီးေတြေရာ ရဲေဘာ္ဇနီးေတြေရာ အကုန္ စစ္သားမယားဆိုတာနဲ႔ အကုန္ ရဲေမပဲ၊ အားလုံးနီးပါး လက္နက္ကိုင္ အသင့္အေနအထား ကင္းေစာင့္ရတယ္” လို႔ ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက ရခိုင္ျပည္နယ္အတြင္း တပ္ေတြမွာ အိမ္ေထာင္သည္ရဲေမမ်ားအား လက္နက္ ထုတ္ေပးခဲ့စဥ္
ရဲေမ(စစ္သားမိန္းမ) မွန္သမွ် အကုန္ ေသနတ္ပစ္တတ္ရပါမယ္။ အကုန္စက္ပစ္ကြင္း (ေသနတ္ပစ္ေလ့က်င့္ရာေနရာ) အကုန္ဝင္ၿပီး ေလ့က်င့္ၾကရပါတယ္။ ၿပိဳင္ပြဲသေဘာမ်ိဳး ဆုေၾကး နည္းနည္းပါးပါး ေပးၿပီး တပ္တြင္းၿပိဳင္ပြဲ က်င္းပေပးပါတယ္။

အေရးအေၾကာင္းဆို ရဲေမေတြကို ကင္းေစာင့္ခိုင္းဖို႔အတြက္ တပ္တြင္းလုံျခဳံေရး ဇာတ္တိုက္ ေလ့က်င့္ထားတာေတြ၊ လက္နက္ငယ္သင္တန္း ရက္တိုေလးေတြ လုပ္ေပးပါတယ္။ ထူးျခားမႈ႐ွိတာနဲ႔ တပ္တြင္းအင္အားနဲ႔ ျဖန္႔ခြဲ ကင္းေစာင့္ရၿပီး ၾကက္ျခံပါ မက်န္ အကုန္ေစာင့္ရ တယ္လို႔ သူက ဆိုပါတယ္

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက ရခိုင္ျပည္နယ္အတြင္း တပ္ေတြမွာ အိမ္ေထာင္သည္ရဲေမမ်ားအား လက္နက္ ထုတ္ေပးခဲ့စဥ္
ဒီရဲေမေတြလက္နက္တပ္ဆင္ေပးၿပီး တိုက္ခိုက္ ခိုင္းတာက ဟိုးအရင္ထဲက အစဥ္အဆက္လုပ္လာတာ။ တပ္ရင္းတစ္ရင္းစစ္ဆင္ေရး ထြက္ရင္ ေနာက္တန္းမွာ႐ုံးအဖြဲ႕ရယ္၊ ဗဟိုကင္းရယ္၊ ရဲေမေတြရယ္ေလာက္ဘဲက်န္ခဲ့တာ

င္တိုက္တာမ်ိဳးဆို ျပန္တိုက္လို႔ရေအာင္။ ခုက PDFက ေနရာအႏွံ႔႐ွိေနေတာ့ တပ္အားလုံးျပင္ဆင္ဖို႔ ကိုၫႊန္ၾကားတာ ဟုတာဝန္ထမ္းေဆာင္ဆဲ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာေၾကာင္း MPA သတင္းမွာ ေဖာ္ျပထားပါတယ္

ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းက ကခ်င္ျပည္နယ္ ၊ ဝိုင္းေမာ္ၿမိဳ႕ ခလရ (၅၈)တပ္ရင္းသို႔ KIAတပ္ဖြဲ႕မ်ားမွ ဝင္ေရာက္တိုက္ခိုက္ခဲ့စဥ္ကလည္း တပ္တြင္းရဲေမမ်ားအား ေသနတ္ထုတ္ေပး၍ တိုက္ ခိုက္ခိုင္းခဲ့ၿပီး လက္နက္ႀကီးပစ္ကူမ်ားေၾကာင့္ အဆိုပါတပ္ရင္း မက်ခဲ့ျခင္းျဖစ္ေၾကာင္း သိသည္။

CDM ဗိုလ္ႀကီး ညီသုတကလည္း ရဲေမေတြကို စစ္တပ္ရဲ႕အရံအင္အားသဖြယ္ သတ္မွတ္ထားၿပီး တပ္စာရင္းမွာ အင္အားျဖည့္ ထည့္သြင္းတြက္ခ်က္ထားတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ၾသဂုတ္လ ၃ ရက္ေန႔က ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕ အေျခစိုက္ ခလရ ၅၈ ကို ခုခံကာကြယ္ခဲ့ေသာ အိမ္ေထာင္သည္ ရဲေမမ်ားဟု တပ္အသိုင္းအဝိုင္းက ဆို႐ွယ္မီဒီယာတြင္ ျဖန္႔ခ်ိ
လက္႐ွိအေျခအေနအရ တပ္တြင္းမွာ အမ်ိဳးသမီးေတြသာ အမ်ားစုက်န္႐ွိေနၿပီး အခ်ိန္မေ႐ြး ဝင္ေရာက္ တိုက္ခိုက္ႏိုင္တယ္ ဆိုကာ အၿမဲတပ္လွန္႔ထားၿပီး သတိအေနအထား ႐ွိေနေစပါတယ္။ လက္နက္ကိုင္ သင္တန္းေပးခံထားရတဲ့ စစ္သားမယား ရဲေမေတြဟာ ကိုယ္တိုင္ တိုက္ပြဲဝင္ၾကရတာ လတ္တေလာ ၾကားသိေနရပါတယ္။

လက္႐ွိမွာ စစ္ေကာင္စီတပ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ႐ွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း စတဲ့ေနရာေတြက တပ္ရင္းတပ္မေတြမွာ ေနာက္တန္းက ရဲေမေတြ လက္နက္ကိုင္ ကင္းေစာင့္ေနၾကရတာျဖစ္ပါတယ္

အိမ္ေထာင္သည္ရဲေမမ်ားအား တပ္တြင္း လက္နက္ကိုင္သင္တန္းေပးေနစဥ္
စစ္သားဇနီးမယားေတြဟာ လစာနဲ႔ခံစားခြင့္ တစုံတရာ ရ႐ွိတာမ်ိဳးမ႐ွိဘဲ လင္ေယာက်္ား ျဖစ္သူ က စစ္သားျဖစ္တာေၾကာင့္ သူတို႔ကို ရဲေမလို႔အမည္နာမတပ္ ကြၽန္ဝယ္ရာ အစစ္ပါတဲ့ အခမဲ့ လုပ္သားေတြပါ

ျမန္မာစစ္တပ္ဟာ စစ္သည္တဦးကိုသာ လစာေပးၿပီး စစ္သည္ ဇနီးမယားေတြရဲ႕ လုပ္အားကို အဓမၼရယူေနတာျဖစ္ပါတယ္။ ရဲေမေတြဟာ လိုင္းခန္း၊ လိုင္းဝန္း၊ တပ္လမ္း၊ တပ္တြင္း သန္႔႐ွင္းေရးေတြကို လုပ္ကိုင္ရပါတယ္

ဒါေတြအျပင္ တပ္တြင္း တပိုင္တႏိုင္ စိုက္ပ်ိဳးေမြးျမဴေရးေတြကို လုပ္ကိုင္ရတဲ့အျပင္ တပ္ရင္း စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းေတြကိုလည္း လုပ္ကိုင္ေပးရပါတယ္။ လင္ေယာက်္ားေတြ ေ႐ွ႕တန္းသြားရခ်ိန္မွာ ဓမၼစႀကၤာ၊ပဌာန္း စတာေတြကို ေန႔တိုင္း အခ်ိန္မွန္ ႐ြတ္ၾကရတယ္။

တပ္တြင္း သာေရး၊နာေရးနဲ႔ ေဆြးေႏြးပြဲေတြမွာပါ ပါဝင္ရတဲ့အျပင္ တပ္ ဆႏၵျပပြဲေတြမွာပါ ပါဝင္ ၾကရတယ္လို႔ ရဲေမေတြက စစ္တပ္နဲ႔သက္ဆိုင္တဲ့ ေဖ့ဘုတ္ဂ႐ုေတြထဲမွာ ရင္ဖြင့္ေရးသားထားၾကပါတယ္

အိမ္ေထာင္သည္ရဲေမမ်ားအား တပ္တြင္း လက္နက္ကိုင္သင္တန္းေပးေနစဥ္
ယင္းသို႔ စစ္သားမိန္းမ(ရဲေမ)မ်ားအား လက္နက္ တပ္ဆင္ေပး၍တိုက္ခိုက္ခိုင္းမႈႏွင့္ ပတ္သက္၍ စစ္တပ္ေထာက္ခံသည့္ အသိုင္းအဝိုင္းအတြင္း ေဝဖန္မႈမ်ားျမင့္တက္ေနၿပီး အဆိုပါ ခလရ (၅၈) တိုက္ပြဲအၿပီး ၎တို႔အားစစ္သားမ်ားနည္းတူ လ စာအပါအဝင္ခံစားခြင့္မ်ားေပးမည္ဟု စစ္တပ္အ သိုင္းအဝိုင္းအတြင္း ေကာလာဟလမ်ားထြက္ေပၚခဲ့ေသးေသာ္လည္း လက္ေတြ႕တြင္မျဖစ္ႏိုင္ ေၾကာင္း စစ္တပ္ေထာက္ခံသည့္အသိုင္းအဝိုင္း ထံက သိရသည္

ၿပီးခဲ့သည့္ သုံးလပတ္ ဇြန္၊ ဇူလိုင္၊ ၾသဂုတ္လ အ တြင္း တိုက္ပြဲျဖစ္ပြားမႈ၊ ပဋိပကၡ ျဖစ္ပြားမႈမ်ားေၾကာင့္ စစ္တပ္ဘက္မွအထိနာမႈ မ်ား မ်ားျပားခဲ့ၿပီး NUGအစိုးရက အဆိုပါ သုံးလပတ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၇၀၀ ေက်ာ္ ေသဆုံးၿပီး ၆၀၀ ေက်ာ္ဒဏ္ရာရ႐ွိသည္ဟု ထုတ္ ျပန္ထားသည္

Ref: MPA and Irrawaddy

unicode

စစ်ကောင်စီလက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များအား PDFဘက်မှ တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် အစီအမံရေးဆွဲရာတွင် စစ်သည်မိန်းမ (ရဲမေ)များကိုပါ လိုအပ်သည့် ခဲယမ်း/လက်နက်များ တပ်ဆင်ပေးရန်စက် တင်ဘာ ၁၄ ရက်စွဲပါ ကြေးနန်းစာဖြင့် ညွှန်ကြားထားကြောင်း သိရသည်

အိမ်ထောင်သည်ရဲမေများအား လက်နက် ထုတ်ပေးခဲ့စဉ်
ယခင်ရှမ်းမြောက်တိုက်ပွဲများအပါအဝင် တိုင်း ရင်းသားလက်နက်ကိုင်နယ်မြေများအတွင်း တည်ရှိသော တပ်ရင်း/တပ်ဖွဲ့များရှိ စစ်သည်မိန်းမများကိုသာ ယင်းသို့စေခိုင်းခြင်းမျိုးရှိပြီး ယခုကာလတွင် PDFများနေရာအနှံ့ရှိနေ၍ တပ် ရင်းအားလုံးကို ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်

အမည်မဖော်လိုတဲ့ စစ်သားဇနီးသည် တဦးက ပြောပြတာက တပ်ရင်းမှုး၊ ဗိုလ်ကြီး၊ ဗိုလ်လေး၊ စစ်သည် အားလုံးသော စစ်သားဇနီးမယားတွေကို ရဲမေလို့ ခေါ်ပြီး သူတို့ဟာ လက်နက်ကိုင်သင်တန်းပေးခံထားရသူတွေဖြစ်ပါတယ်လို့ ဧရာဝတီ သတင်းမှာဖော်ပြထားပါတယ်

တပ်ထဲမှာ အရာရှိ ဇနီးတွေရော ရဲဘော်ဇနီးတွေရော အကုန် စစ်သားမယားဆိုတာနဲ့ အကုန် ရဲမေပဲ၊ အားလုံးနီးပါး လက်နက်ကိုင် အသင့်အနေအထား ကင်းစောင့်ရတယ်” လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်အတွင်း တပ်တွေမှာ အိမ်ထောင်သည်ရဲမေများအား လက်နက် ထုတ်ပေးခဲ့စဉ်
ရဲမေ(စစ်သားမိန်းမ) မှန်သမျှ အကုန် သေနတ်ပစ်တတ်ရပါမယ်။ အကုန်စက်ပစ်ကွင်း (သေနတ်ပစ်လေ့ကျင့်ရာနေရာ) အကုန်ဝင်ပြီး လေ့ကျင့်ကြရပါတယ်။ ပြိုင်ပွဲသဘောမျိုး ဆုကြေး နည်းနည်းပါးပါး ပေးပြီး တပ်တွင်းပြိုင်ပွဲ ကျင်းပပေးပါတယ်။

အရေးအကြောင်းဆို ရဲမေတွေကို ကင်းစောင့်ခိုင်းဖို့အတွက် တပ်တွင်းလုံခြုံရေး ဇာတ်တိုက် လေ့ကျင့်ထားတာတွေ၊ လက်နက်ငယ်သင်တန်း ရက်တိုလေးတွေ လုပ်ပေးပါတယ်။ ထူးခြားမှုရှိတာနဲ့ တပ်တွင်းအင်အားနဲ့ ဖြန့်ခွဲ ကင်းစောင့်ရပြီး ကြက်ခြံပါ မကျန် အကုန်စောင့်ရ တယ်လို့ သူက ဆိုပါတယ်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်အတွင်း တပ်တွေမှာ အိမ်ထောင်သည်ရဲမေများအား လက်နက် ထုတ်ပေးခဲ့စဉ်
ဒီရဲမေတွေလက်နက်တပ်ဆင်ပေးပြီး တိုက်ခိုက် ခိုင်းတာက ဟိုးအရင်ထဲက အစဉ်အဆက်လုပ်လာတာ။ တပ်ရင်းတစ်ရင်းစစ်ဆင်ရေး ထွက်ရင် နောက်တန်းမှာရုံးအဖွဲ့ရယ်၊ ဗဟိုကင်းရယ်၊ ရဲမေတွေရယ်လောက်ဘဲကျန်ခဲ့တာ

င်တိုက်တာမျိုးဆို ပြန်တိုက်လို့ရအောင်။ ခုက PDFက နေရာအနှံ့ရှိနေတော့ တပ်အားလုံးပြင်ဆင်ဖို့ ကိုညွှန်ကြားတာ ဟုတာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြောင်း MPA သတင်းမှာ ဖော်ပြထားပါတယ်

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့ ခလရ (၅၈)တပ်ရင်းသို့ KIAတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း တပ်တွင်းရဲမေများအား သေနတ်ထုတ်ပေး၍ တိုက် ခိုက်ခိုင်းခဲ့ပြီး လက်နက်ကြီးပစ်ကူများကြောင့် အဆိုပါတပ်ရင်း မကျခဲ့ခြင်းဖြစ်ကြောင်း သိသည်။

CDM ဗိုလ်ကြီး ညီသုတကလည်း ရဲမေတွေကို စစ်တပ်ရဲ့အရံအင်အားသဖွယ် သတ်မှတ်ထားပြီး တပ်စာရင်းမှာ အင်အားဖြည့် ထည့်သွင်းတွက်ချက်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ ကို ခုခံကာကွယ်ခဲ့သော အိမ်ထောင်သည် ရဲမေများဟု တပ်အသိုင်းအဝိုင်းက ဆိုရှယ်မီဒီယာတွင် ဖြန့်ချိ
လက်ရှိအခြေအနေအရ တပ်တွင်းမှာ အမျိုးသမီးတွေသာ အများစုကျန်ရှိနေပြီး အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်တယ် ဆိုကာ အမြဲတပ်လှန့်ထားပြီး သတိအနေအထား ရှိနေစေပါတယ်။ လက်နက်ကိုင် သင်တန်းပေးခံထားရတဲ့ စစ်သားမယား ရဲမေတွေဟာ ကိုယ်တိုင် တိုက်ပွဲဝင်ကြရတာ လတ်တလော ကြားသိနေရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့နေရာတွေက တပ်ရင်းတပ်မတွေမှာ နောက်တန်းက ရဲမေတွေ လက်နက်ကိုင် ကင်းစောင့်နေကြရတာဖြစ်ပါတယ်

အိမ်ထောင်သည်ရဲမေများအား တပ်တွင်း လက်နက်ကိုင်သင်တန်းပေးနေစဉ်
စစ်သားဇနီးမယားတွေဟာ လစာနဲ့ခံစားခွင့် တစုံတရာ ရရှိတာမျိုးမရှိဘဲ လင်ယောက်ျား ဖြစ်သူ က စစ်သားဖြစ်တာကြောင့် သူတို့ကို ရဲမေလို့အမည်နာမတပ် ကျွန်ဝယ်ရာ အစစ်ပါတဲ့ အခမဲ့ လုပ်သားတွေပါ

မြန်မာစစ်တပ်ဟာ စစ်သည်တဦးကိုသာ လစာပေးပြီး စစ်သည် ဇနီးမယားတွေရဲ့ လုပ်အားကို အဓမ္မရယူနေတာဖြစ်ပါတယ်။ ရဲမေတွေဟာ လိုင်းခန်း၊ လိုင်းဝန်း၊ တပ်လမ်း၊ တပ်တွင်း သန့်ရှင်းရေးတွေကို လုပ်ကိုင်ရပါတယ်

ဒါတွေအပြင် တပ်တွင်း တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးတွေကို လုပ်ကိုင်ရတဲ့အပြင် တပ်ရင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေးရပါတယ်။ လင်ယောက်ျားတွေ ရှေ့တန်းသွားရချိန်မှာ ဓမ္မစင်္ကြာ၊ပဌာန်း စတာတွေကို နေ့တိုင်း အချိန်မှန် ရွတ်ကြရတယ်။

တပ်တွင်း သာရေး၊နာရေးနဲ့ ဆွေးနွေးပွဲတွေမှာပါ ပါဝင်ရတဲ့အပြင် တပ် ဆန္ဒပြပွဲတွေမှာပါ ပါဝင် ကြရတယ်လို့ ရဲမေတွေက စစ်တပ်နဲ့သက်ဆိုင်တဲ့ ဖေ့ဘုတ်ဂရုတွေထဲမှာ ရင်ဖွင့်ရေးသားထားကြပါတယ်

အိမ်ထောင်သည်ရဲမေများအား တပ်တွင်း လက်နက်ကိုင်သင်တန်းပေးနေစဉ်
ယင်းသို့ စစ်သားမိန်းမ(ရဲမေ)များအား လက်နက် တပ်ဆင်ပေး၍တိုက်ခိုက်ခိုင်းမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများမြင့်တက်နေပြီး အဆိုပါ ခလရ (၅၈) တိုက်ပွဲအပြီး ၎င်းတို့အားစစ်သားများနည်းတူ လ စာအပါအဝင်ခံစားခွင့်များပေးမည်ဟု စစ်တပ်အ သိုင်းအဝိုင်းအတွင်း ကောလာဟလများထွက်ပေါ်ခဲ့သေးသော်လည်း လက်တွေ့တွင်မဖြစ်နိုင် ကြောင်း စစ်တပ်ထောက်ခံသည့်အသိုင်းအဝိုင်း ထံက သိရသည်

ပြီးခဲ့သည့် သုံးလပတ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လ အ တွင်း တိုက်ပွဲဖြစ်ပွားမှု၊ ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် စစ်တပ်ဘက်မှအထိနာမှု များ များပြားခဲ့ပြီး NUGအစိုးရက အဆိုပါ သုံးလပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀၀ ကျော် သေဆုံးပြီး ၆၀၀ ကျော်ဒဏ်ရာရရှိသည်ဟု ထုတ် ပြန်ထားသည်

Ref: MPA and Irrawaddy

Add a Comment

Your email address will not be published. Required fields are marked *