ဗိုလ်လောင်းများ တစ်ဦးချင်း အရည် အချင်း များ ပြည့်ဝရန် ပို၍ကြိုးစားစေလိုကြောင်း စစ်ခေါင်း ဆောင်မှာကြား





unicode

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၄ ရက် စစ်တက္ကသိုလ်သိုရောက်ရှိချိန်တွင် သင် တန်း တက်ရောက်နေသည့် ဗိုလ်လောင်းများအ နေဖြင့် အရည်အချင်း ပြည့်ဝ၍ တဦးချင်းစီ၏ ကိုယ်ရည်ကိုယ် သွေးများကောင်းမွန်စေရေ ပို၍ကြိုးစားရန်လို အပ်သည်ဟု မှာကြားခဲ့ကြောင်း သိရှိရပါသည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းအပတ်စဉ် ၆၄ မှ တတိယနှစ် ဗိုလ်လောင်းများ လက်ရုံးတပ်ဖွဲအ ဆိုပြုမှုအား ၎င်း ကိုယ်တိုင်ရွေးချယ်ပေးခဲ့ပြီး ယင်း ကဲ့သိုအမှာစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကိုဗစ်ရောဂါ ပြင်းထန်နေသဖြင့် စစ်တပ်အတွင်းသင်တန်းများ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ရပ်နား ခဲ့ပြီးနောက် ပြီးခဲ့သည့်စက်တင်ဘာ ၁၃ ရက်နေ့မှ စ၍ သင်တန်းများပြန်လည်စတင်ခဲ့ပြီး စစ်တက္က သိုလ်ကျောင်းသို စစ်ခေါင်းဆောင်ကိုယ်တိုင်လာ ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အား စစ်ရာထူးခန့်ချုပ်ရုံးမှ စစ်တက္ကသိုလ်(DSA) ၊ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)၊ တပ် မတော်ဆေးတက္ကသိုလ်(DSMA)၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းများသို ဗိုလ်လောင်းလျှောက်လွှာများ ခေါ်ယူ ထားသော်လည်း လျှောက်ထားသူအလွန်နည်းပါး လွန်းနေသဖြင့် ပညာအရည်အချင်းမလိုကြောင်းနှင့်ယခုလကုန်ထိ တိုးမြှင့်ခေါ်ယူထား ကြောင်း သိရပါသည်။

Add a Comment

Your email address will not be published. Required fields are marked *