မထင်မှတ်ပဲ အလွဲလေးဖြစ်သွားတာကြောင့် ရယ်မောနေရတဲ့ ခေးလေး ခင်ဝင့်ဝါရဲ့ အခွီဗီဒီယို

အနုပညာလောကထဲကို အလှမယ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်လာခဲ့တဲ့ ခင်ဝင့်ဝါကတော့ နောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားတွေအများအပြားကိုရိုက်ကူးလာပြီး ပြည်သူချစ်ရွှေမင်းသမီးချောလေးဖြစ်လာခဲ့ပါတယ်။ ချစ်မွှေးပါတဲ့ ရုပ်ရည်လေးကိုပိုင်ဆိုင်ထားပြီး သေးသေးသွယ်သွယ်လေးနဲ့ အသည်းယားစရာကောင်းလွန်းလို့ ပုရိသပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပြီး သူမရဲ့တိုးတက်လာတဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို ချီးကျူးနေကြတာဖြစ်ပါတယ်။ ခင်ဝင့်ဝါက သဘောကောင်း မနောကောင်းပြီး လူတန်းစားမရွေးကို ဖော်ရွေစွာဆက်ဆံတတ်လို့လည်း လူတိုင်းကချစ်ခင်အားပေးနေကြတာပါနော်။ ခင်ဝင့်ဝါကတော့ တစ်နေ့တစ်ခြားလည်းပိုပိုလှလာပြီး မြင်သူတကာငေးမောရလောက်အောင် နုဖတ်ပြီးလှသွေးကြွယ်နေတာဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ခင်ဝင့်ဝါက ရိုက်ကွင်းထက်က ဗီဒီယိုလေးတစ်ခုကို Mydayစာမျက်နှာထက်မှာ ဝေမျှလာခဲ့ပါတယ်။ ဒါကတော့ ရိုက်ကူးရေးလုပ်ဖို့အတွက် အသင့်ဖြစ်နေတဲ့ သူမကို ရေမွှေးဆွတ်ပေးဖို့ တခြားတစ်ယောက်က ပြုလုပ်ပေးတဲ့အချိန်မှာ အလွဲလေးတွေဖြစ်သွားခဲ့တာဖြစ်လို့ အဆိုပါ ဟာသဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်……. ။

သတင်းအရင်းမြစ်: Source – Khin Wint Wah’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *