အားပါးပါး !!! ရင်ခုန်စရာ ကောင်းလောက် အောင်ကို ညှို့ ယူ ဖမ်းစားထား တဲ့ အိချောပို
|အိချောပို က ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုတွေကို အပြည့်အဝရ ရှိထားပြီး အနုပညာနယ်ပယ်မှာ အကောင်းဆုံးရပ်တည်နေတဲ့ မင်းသမီးချာလေးပဲဖြစ်ပါတယ်။ သူမကတော့ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ လုံးကြီးပေါက်လှ အမိုက်စားကိုယ်လုံးလေးကို ပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။ လက်ရှိ အနုပညာ လှုပ်ရှားမှုကတော့ ကြော်ငြာတွေနဲ့ Photo Shooting တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ အိချောပိုက ကပ်ရောဂါ တိုက်ဖျက်ရေး အချိန်ကာလလေး မှာ အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမက ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ချစ်စရာပုံရိပ်လေးတွေအပြင် အပျင်းအပြေ ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေ ကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာတော့ အိချောပိုလေးက ချစ်ပရိသတ်တွေ ငေးမောသွားလောက်မယ့် အလန်းစားပုံရိပ်လေးတွေကို
တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ အိချောပို က လွတ်လပ် ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ ကြည်ပြာရောင် မျက်လုံးလေးတွေနဲ့ ကြည့်မိသူတိုင်း အသည်းကြွေအောင် ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေထဲမှာလည်း ဆွဲဆောင်မှုရှိတဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေး နဲ့ ပင်ကိုယ် အလှတရားတွေက လည်း အထင်းသားပေါ်လွင်ခဲ့ပါတယ်။ကဲ….ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိရှိ အသည်းယားစရာကောင်းနေတဲ့ အိချောပို ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။
Source – Ei Chaw Po fb page