တောင်ကိုရီးယားတွင် NUG ရုံး စ တင်ဖွင့်လှစ်ပြီ
unicode
အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်ကိုရီးယားနိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို စတင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံ ခြား ရေးဝန်ကြီးဌာနက ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်းကို ခန့်အပ်ကြောင်း ဩဂုတ်လ ၁၆ ရက်နေ့က ကြေညာခဲ့ကြောင်း၊ ထို့ကြောင့် သံတမန်ရေးရာ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရာတွင် အင်အားဖြစ်စေရန် အတွက်လည်းကောင်း၊ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အဓိကကျသည့် တိုင်းရင်းသားအင်အားစုများ၏ အကြံ ဉာဏ် နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိရန်အတွက် လည်း အဖွဲ့ဝင် (၁၁) ယောက်ကို ဆက် လက်ခန့်အပ်တာဝန်ပေးအပ်လိုက်ပြီး ရုံးစတင်ဖွင့်လှစ်ကြောင်း သိရှိရသည်။