မြန်မာစပါးအုံးအောင်လအန်ဆန်ရဲ့ ငယ်ဘဝဖြတ်သန်းမူ ပုံစံနဲ့ သူ ထိုးသတ် ခဲ့တဲ့ပွဲများအကြောင်း

(၁) ငယ်ဘ၀ဖြတ်သန်းမှုအောင်လအန်ဆန်ကို ဖခင် NSang Tu Awng နဲ့မိခင် တို့က ၁၉၈၅ခုနှစ် ၊ မေလ ၂၁ ရက်နေ့ကချင်ပြည်နယ်မှာမွေးဖွားခဲ့တာမလို့ ခု ၂၀၂၁မှာဆိုရင် ၃၆ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

မွေးချင်း(၅)ယောက်ရှိတဲ့အနက် တတိယမြောက်သားဖြစ်ပြီးတော့ငယ်ငယ်ကတည်းက မိခင်ကိုတွယ်တာလွန်းလို့ဖခင်ကတောင် သားကိုသူငယ်ချင်းလိုပေါင်းနေတယ် ဆိုပြီးပြောကြောင်း အောင်လရဲ့မိခင်က interview တစ်ခုမှာ ပြောပြဖူးပါတယ်။

ဖခင်က ကျောက်စိမ်းကုန်သည်တစ်ဦးဖြစ်ပြီး အောင်လဟာသူ့ရဲ့ငယ်ဘ၀ကို မြန်မာပြည်မှာဘဲကုန်ဆုံးခဲ့ပြီး ၂၀၀၄ခုနှစ်မှာတော့ အမေရိကန်နိုင်ငံကို ပြောင်းရွေ့ပြီး Andrew university မှာ agricultural science ပညာကိုသင်ယူခဲ့ပါတယ်။

(၂) ကိုယ်ခံပညာစတင်သင်ယူအောင်လအန်ဆန်ဟာ တက္ကသိုလ်တက်နေစဉ်မှာဘဲ ဂျူဂျစ်စုပညာကို စတင်သင်ယူခဲ့ပါတယ်။

အောင်လကြီးရဲ့ ပထမဆုံးကိုယ်ခံပညာဟာ ဂျူဂျစ်စုဖြစ်ပြီး ဂျူဂျစ်စုမှာ ခါးပတ်ခရမ်းရောင်ရတဲ့ထိ လေ့လာသင်ယူခဲ့ပြီး ဒေသတွင်း ဂျူဂျစ်စု ပြိုင်ပွဲတွေလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

(၃) MMA စတင်ယှဉ်ပြိုင်အောင်လဟာ ဂျူဂျစ်စုသာမက အမေရိကန်မှာ အရှိန်ရကာစ MMA ကစားနည်းကိုပါ စိတ်ဝင်စားခဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ ဒေသတွင်း MMA ပြိုင်ပွဲတွေမှာ စတင်ယှဉ်ပြိုင်ပါတော့တယ်။

သူ့ရဲ့ ပထမဆုံးပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် အောင်လကြီးရဲ့ MMA ခရီးအစမှာ နည်းနည်းကြန့်ကြာခဲ့ရပေမယ့် စနစ်တကျ သေချာပြန်ပြင်ဆင်ပြီးနောက်မှာတော့ နောက်ပိုင်းပွဲတွေ ဆက်တိုက် နိုင်ပွဲ ပြန်လည်ရယူနိုင်လာပါတယ်။

အောင်လဟာ King of Cage & Ring of Combats စတဲ့ အဖွဲ့အစည်းတွေမှာ ထိုးသတ်ရင်း သူ့ရဲ့ ဂျူဂျစ်စုချုပ်ကွက်တွေကြောင့်” The Burmese Python ” ” မြန်မာ့စပါးအုံး” ဆိုတဲ့ နာမည်ကိုပါရရှိခဲ့ပါတယ်။

(၄) မြန်မာ့စပါးအုံးကို လူသိများလာ!!!အောင်လကြီး အသက် ၂၇ နှစ်အရောက်မှာတော့ CFFC 17 မှာ Jason Louck ကို အလှဲထိုးနဲ့ အနိုင်ယူပြီး ကချင်အလံနဲ့ အောင်ပွဲခံခဲ့တဲ့ video ကြောင့် ကချင်ပြည်နယ်မှာ မြန်မာ့စပါးအုံးကို စတင်လူသိများလာပါတော့တယ်။

ပွဲဖြတ်သွားတာလည်း တော်တော်မိုက်ပါတယ် ညာ body shot , cross သုံးပြီး ပွဲဖြတ်သွားတာပါ။ အောက်မှာကြည့်ပါ။

(၅) One Championship နဲ့ စာချုပ်ချုပ်‌ဆိုအာရှ MMA ဈေးကွက်မှာ နေရာရဖို့ ကြိုးစားနေတဲ့ One Championship အဖွဲ့အစည်းဟာ မြန်မာနိုင်ငံဈေးကွက်ကို ထိုးဖောက်ဖို့

အတွက် မြန်မာနိုင်ငံသားဖိုက်တာ အောင်လအန်ဆန်ကို 2014 မှာ စာချုပ်ချုပ်ဆိုခဲ့ပြီး အောင်‌လရဲ့ ရွှေရောင်နေ့ရက်တွေလည်း စတင်လာပါတယ်။

2016 မှာ ရန်ကုန်မြို့ ၊ Thuwanna Indoor Stadium မှာလုပ်တဲ့ မိုဟာမက်အလီနဲ့ ပွဲမှာ ချုပ်ကွက်နဲ့ အနိုင်ရပြီး မြန်မာတစ်ပြည်လုံးရဲ့ အားပေးမှုတွေကို သိမ်းကြုံးရယူသွားခဲ့ပါတယ်။

(၆) သူ့ဘ၀ရဲ့ ပထမဆုံးချန်ပီယံဆုကို သိမ်းပိုက်2017 ၊ Jan 14 မှာ ချန်ပီယံ ဘစ်ဒက်ရှ်ဟာ သူ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အသင့်ရှိနေပေမယ့် တစ်ဖက်

ကစိန်ခေါ်သူက နှုတ်ထွက်သွားတာကြောင့် မြန်မာ့စပါးအုံးဟာ 11 ရက်အလိုမှာတင် အစားထိုး ၀င်ရောက်ထိုးသတ်ခဲ့ပေမယ့် အမှတ်ပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။

ဒါပေမယ့် အောင်လကြီးဟာ လက်မလျော့ဘဲ နောက် 6 လလောက်အကြာမှာဘဲ ဘစ်ဒက်ရှ်ကို One : Light of a Nation ခေါင်းစဉ်အောက်မှာ ပြန်လည်စိန်ခေါ်ထိုးသတ်ခဲ့

ပြီး အနိုင်ရရှိကာ သူ့ဘ၀ရဲ့ ပထမဆုံးချန်ပီယံခါးပတ်ကို သိမ်းပိုက်ရရှိခဲ့ပြီး ချန်ပီယံဆုလက်ခံရယူအပြီးမှာဘဲ ၀မ်းသာငိုကြွေးနေခဲ့ပါတယ်။ 2005 ကစခဲ့တဲ့ ခရီးလမ်းဟာ 2017 ၊ 12 နှစ်အကြာမှာမှ ချန်ပီယံဆုကိုရယူပြီး ရွှေရောင်နေ့ရက်တွေ စတင်ခဲ့ပါတော့တယ်။

(၇) နှစ်ထပ်ကွမ်းချန်ပီယံအောင်လ၁၂ နှစ်တာ ချန်ပီယံ ဆာလောင်မှုတွေကြောင့် အောင်လဟာ ခါးပတ်တစ်ခုထဲနဲ့ မကျေနပ်ဘဲ အလိန်းဂါလာနီလို ဟဲဗီးဝိတ်ဖိုက်တာကို ပထမအချီမှာဘဲ ချုပ်ကွက်နဲ့ အနိုင်ယူပြခဲ့ပြီး လစ်လပ် လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်ကို လုခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ခါးပတ်လုပွဲမှာလည်း ပြိုင်ဖက် ဂျူဂျစ်စုကမ္ဘာ့ချန်ပီယံ အလက်ဇန္နားမချာဒိုက ခြေကန်ချက်နဲ့အတူ ပထမအချီမှာတင်အနိုင်ယူခဲ့ပြီး မြန်မာတစ်ပြည်လုံးက ပရိသတ်တွေကို အံ့ဩပျော်ရွှင်စေခဲ့ပါတယ်။

(၇) ဘယ်သူမှ ရပ်တန့်လို့မရတော့တဲ့ စပါးအုံးကြီးနှစ်ထပ်ကွမ်းချန်ပီယံဖြစ်ပြီးတဲ့ နောက်မှာတော့ “ကျားကိုအတောင်ပံတပ်” လို့ဆိုရလောက်အောင်ကို bjj background ကလာတဲ့ အောင်လကြီးဟာ ကမ္ဘာကျော် ကစ်ဘောက်စင် နည်းပြကြီး Henry Hroof နဲ့

လေ့ကျင့်ရင်း stand fight စွမ်းရည်တွေ အထူးကောင်းမွန်လာခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးကစားခဲ့တဲ့ လေးပွဲဖြစ်တာ ဂျပန်ကြီးနဲ့ပထမပွဲ ၊ ရှုံးပွဲမရှိသေးတယ် မိုဟာမက်ခရာကီ ၊ ဂျပန်ကြီးနဲ့ဒုတိယပွဲ ၊ ဟဲဗီးဝိတ်က ချန်ပီယံကြီး ဗရန်ဒန်ဗီရာနဲ့

လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲတွေ အကုန်လုံးမှာ အလဲထိုးနဲ့ချည်း ပွဲသိမ်းပစ်ခဲ့ပါတယ်။ ဟဲဗီးဝိတ်ချန်ပီယံဗီရာကို အနိုင်ရလိုက်တဲ့ အောင်လဟာ အာရှမှာသာမက ကမ္ဘာ့ MMA လောကကြီးတစ်ခုလုံးရဲ့ စိတ်ဝင်စားလေးစားမှုကို ရရှိခဲ့ပါတယ်။

ကံဆိုး‌သော ၂၀၂၁အောင်လဟာ ၂၀၂၁ ခုနှစ်မှာတော့ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ကစားခဲ့တဲ့ နှစ်ပွဲလုံးရှုံးနိမ့်ခဲ့ကာ ချန်ပီယံ ခါးပတ်နှစ်ခုလုံးကို လက်လွှတ်ခဲ့ရပါတယ်။

ဒါ‌ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ရခဲ့ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအတွက် ပြန်လည်ချီတက်လာပြီ ဖြစ်ပါတယ်။crd

Add a Comment

Your email address will not be published. Required fields are marked *