ကျွန်တော်မကျွမ်းကျင်တဲ့ နိုင်ငံရေးလောကထဲ ဝင်ဖို့ဆိုတာ သိပ်ကိုခက်ခဲလွန်း တယ်လို့ ပြတ်သားစွားပြောလိုက် တဲ့ ခန့်စည်သူ

ပရိသတ်ကြီးတို့ရေ မင်္ဂလာပါနော် ဥက္ကဌကြီးခန့်စည်သူက အားလုံးသိအောင် ပြောပြီ။ ရန်ကုန် ဇွန် ၆ ရက်၊ နို င်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက် ပထမဆုံးအကြိမ် ရုပ်ရုင်အစည်းအရုံးဥက္ကဌအဖြစ် တာဝန်ပေးခြင်းခံလိုက်ရသည့် ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူနှင့်

ပတ်သက်၍ အနုပညာအသိုင်းအဝိုင်းအချို့နဲ့ ၎င်းအား အားပေးနေသည့် ပရိသတ်အချို့တို့အကြား လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်ကို တွေ့နေရပါသည်။ ထို့ကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ်ကို ခန့်စည်သူ၏ သဘောထား

မှတ်ချက်များအား ကောက်နုတ်တင်ပြလိုက်ရပါသည်။ ခုချိန်မှာ ကျွန်တော့်ကို ဝေဖန်နေကြမယ်ဆိုတာ ကျွန်တော် ကြိုတွက်ပြီးထားပါ။ ကျွန်တော်တို့ လောကအသိုင်းအဝိုင်းတွေကရော ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေကရောပေါ့ဗျာ ကျွန်တော်ပြောမယ် တာဝန်ဆိုတာ

ယူချင်မှလည်း ရချင်မှရတာ ရချင်သော်လည်း ပေးချင်မှ ပေးတာမျိုးလေဗျာ။ ဆိုတော့ ဘယ်လိုပဲပြောကြပါစေဗျာ။ ကျွန်တော်ကျွမ်းတဲ့အနုပညာ ကျွန်တော်ကျင်လည်နေတဲ့ လောကထဲကထဲမှာ ဆက်ရှိနေမယ်ဆိုတာ ကျွန်တော်ပြချင်တယ် ကျွန်တော်လည်းဗျာ နိုင်ငံသား

တစ်ယောက်ပဲ။ ဒါပေမယ့် ကျွန်တော်မကျွမ်းကျင်တဲ့ နိုင်ငံရေးလောကထဲ ဝင်ဖို့ဆိုတာ သိပ်ကိုခက်ခဲလွန်းပါတယ်။ နိုင်ငံရေးသမားက နိုင်ငံရေးလောကထဲကို သူငယ်စဉ်ကတည်းက အသက်မွေးဝမ်းပြုခဲ့သလို ကျွန်တော်တို့ အနုပညာရှင်တွေကလည်း ငယ်စဉ်ကတည်းက

အနုပညာပိုးတွေ ပါလာလို့ အထိုက်အလျောက် အောင်မြင်နေကြတာပဲလေဗျာ ဒါကြောင့်ကျွန်တော် အနုပညာလုပ်ငန်းကို ဆက်လုပ်သွားမယ် အနုပညာရှင် မျိုးဆက်သစ်လူငယ်တွေ မွေးထုတ်သွားမယ်။ CDM နဲ့ပတ်သက်လို့ လုပ်တာနဲ့မလုပ်တာ ဘာကွာသွားလဲဆိုတော့

အိပ်ရတာနဲ့ အိပ်ယာပုံစံ အိပ်ပျော်တာနဲ့ အိပ်မပျော်တာ ကွာသွားတာပေါ့ဗျာ (ရယ်လျက်) တစ်ခုရှိတယ်ဗျ အနုပညာရှင်သမားတွေရဲ့ အားနည်းချက်က ငွေရမဲ့လမ်းကြောင်းဆို အရမ်းလိုက်တယ်။ တစ်ရက်နှစ်ရက်လောက် လမ်းပေါ်ထွက် ဒါလေးလုပ်ပေးပါလို့ ပြောလိုက်တာနဲ့

ကျွန်တော်တို့ဇာတ်ကောင်းပေါင်း ဘယ်လောက်ရိုက်မှရတယ်ဆိုတဲ့ ငွေအမောက်ကို သူတို့ကောင်းကောင်းသိသလို အခြားတစ်ဘက်မှာရှိတဲ့ အနုပညာရှင်အချင်းချင်းလည်း သိတယ် ခု နိုင်ငံတော်လူကြီးတွေ ပိုသိမှာပေါ့ ကိုခန့်စည်သူရဲ့ Video မှတ်တမ်းလေး ဆင်ဆာမပေး

ပါသဖြင့် နားလည်ပေးစေချင်ပါတယ်။ ပြောသွားတာလေး သဘောကျလို့ ကောက်နုတ်တင်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အခုလို ဝင်ရောက်ဖတ်ရှုပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *