့ ငွေရှာနိုင်ခဲ့တဲ့ သူမရဲ့အကြောင်းတွေ ကို ပြောပြလာ တဲ့ နေခြည်ဦး

သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger တစ်ဦးအဖြစ် ပရိသတ်တွေနဲ့ ရင်းနှီးမှု စတင်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ Social Media ထက်မှာ

လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက သူမရဲ့မျက်နှာမှာရှိတဲ့ မွေးရာပါစာနီမှတ်လေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ဒီအမှတ်လေးကြောင့်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နေခြည်ဦးတစ်ယောက် အများရဲ့ ကဲ့ရဲ့ဝေဖန်ခြင်းခံခဲ့ရသလို အောင်မြင်မှုတွေလည်း ရရှိလာခဲ့ပါတယ်။ ချီချီပြောပြထားတာကတော့ ”မိမိခန္ဓာကိုယ်ပေါ်က uniqueness အတွက် တစ်ပါးသူရဲ့ ကဲ့ရဲ့မှုကိုစိတ်ထဲကိုထားမနေပါနဲ့။ နေခြည်အပါအဝင်ပေါ့ ….နေခြည့်သူငယ်ချင်းတွေတစ်ချို့မှာကော ကိုယ့်ရဲ့မွေးရာပါအမှတ်အသား ထိခိုက်ရှနာ အသက်အန္တရာယ်နဲ့ကြုံခဲ့ပြီးခွဲစိတ်မှုပြုလုပ်လိုက်ရတဲ့ ထိခိုက်ဒဏ်ရာ အမာရွတ်တွေနဲ့ပါတ်သက်ပြီး စိတ်အားငယ်တာ ကိုယ်မလှတော့ဘူးဆိုပြီး insecure ဖြစ်နေတဲ့သူတွေအများကြီးရှိပါတယ်။ အဲ့လိုလူမျိုးတွေအတွက် နေခြည်ကအရင်ဆုံး “congratulations “ လို့ပြောချင်ပါတယ်။

ဘာလို့လဲဆိုတော့ ဘယ်လောက်သေးတဲ့ ဒဏ်ရာအမာရွတ်လေးဘဲဖြစ်နေပါစေဒီဒဏ်ရာလေးကြောင့် ကိုယ်ဒီနေ့အထိရှင်သန်နေရဆဲ ကြီးထွားနေရဆဲ အားအင်တွေရနေဆဲဆိုတာ မမေ့စေချင်လို့ပါ။ ဒီဒဏ်ရာလေးကြောင့် အသက်ဘေးက လွတ်ခဲ့တဲ့ သူတွေလဲရှိတာကြောင့် မိမိကိုယ်ကိုယ်ကို မိမိ selflove လုပ်တတ်ဖို့

နေခြည်အရင်ဆုံး ပြောပါရစေ။””နေခြည်လဲ နေခြည့်မွေးရာပါ စာနီအမှတ်နဲ့ပါတ်သက်ရင် ငယ်စဉ်က အရမ်းသိမ်ငယ်ခဲ့ရသူပါ။ကျောင်းမှာဆို “ရေနွေးပူလောင်တာလား “”အထိုးခံထားရတာလား” “နှာခေါင်းကြီးကနီနေတယ် ဘာဖြစ်တာလဲ” စသဖြင့်ကိုယ့်ရဲ့သိမ်ငယ်မှုကို ရိုက်ချိုးစေတဲ့မေးခွန်းတွေအများကြီး မေးခံရပါတယ်။ ဒါပေမယ့် ကိုယ် educated ဖြစ်လာတဲ့အခါ ဒါတွေကိုနေခြည်ကောင်းစွာ handle လုပ်နိုင်တယ်။မေးနေတဲ့သူရဲ့ စိတ်ထဲမှာ ဒါတကယ်သူစိတ်ပူပြီး မသိလို့မေးတာလား သိရဲ့နဲ့ ကဲ့ရဲ့ချင်လို့မေးတာလားကိုခွဲခြားလာနိုင်တယ်လေ။ တကယ်မသိလို့မေးတဲ့သူတွေဆို နေခြည် နေခြည့်ဖြစ်တည်မှုက်ုသေချာရှင်းပြတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ကဲ့ရဲ့ချင်တဲ့ လူတစ်စုအတွက်တော့ ကိုယ်က ဒီကနေ ပိုက်ဆံရနေတယ်ဆိုတာ သူတ်ု့မသိပါလားဆိုပြီး ပွင့်ပွင့်လင်းလင်းပြောရရင် သနားတတ်လာတယ်။ ”မျက်နှာဆိုတာလူတစ်ယောက်ရဲ့ first impression ဘဲလေ။ ဒီလိုနေရာမှာ စာနီမှတ်အကြီးကြီးပါနေတဲ့ နေခြည်တောင် ဒါတွေက်ု ကျော်လွှားနိုင်ရင် ကိုယ့်ရဲ့ဖြစ်တည်မှု uniqueness ကို အတွေးအခေါ်ညဏ်ပညာ နည်းတဲ့ သူတွေရဲ့ ခပ်ညံ့ညံ့ ကဲ့ရဲ့မှုတွေအတွက် ဘဝမှာ အချိန်လဲမပေးနဲ့ နေရာလဲမပေးပါနဲ့။တူညီတဲ့အရာတွေထဲကမှ မတူညီတာတစ်ခုက ထူးခြားတဲ့ အလှတရားပါ။ ပုံမှန်တွေထဲက ကွဲထွက်နေတာကမှ ဒါဆွဲဆောင်မှု တစ်ခုပါ။

ဒီအလှကို အရင်ဆုံးကိုယ်ကိုယ်တ်ုင်မြင်ပြီး #selflove လုပ်တတ်ရမယ်နော်။နောက်တစ်ခါ ကိုယ့်အမာရွတ်နဲ့ ပတ်သက်ပြီး ကဲ့ရဲ့ခံရရင် “နှာခေါင်းမှာ စာနီနဲ့ နေခြည်ဦးကိုသိတယ်မှတ်လား? အေးငါလဲသူ့လို ကိုယ့်အမာရွတ်ကိုကိုယ်ချစ်ပြီး အဲ့ဒါနဲ့ တစ်နေ့ ပိုက်ဆံရှာမှာ” လို့ ချေပြီးပြန်ပြောလိုက်စမ်းပါ ” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။

Source: Beauty By Nay Chi;

Add a Comment

Your email address will not be published.