ကိုယ်လုံးလေးကို မှန်ထဲ မှာ လှည့်ပတ်ကြည့်ပြီး အမိုက်စား ရိုက်ထားတဲ့ အေးမြတ်သူ ရဲ့ ဗီဒီယိုဖိုင်လေး

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်အကယ်ဒမီ မင်းသမီးချော အေးမြတ်သူ ကတော့ ချစ်စရာကောင်းတဲ့ ပါးချိုင့်အပြုံးလှလှလေးတွေအပြင် ပွင့်လင်းတဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေကြရသူလေးပဲ ဖြစ်ပါတယ်နော်..။ သရုပ်ဆောင်ကောင်းတဲ့ မမြတ်လေး ကတော့ ချစ်စရာလည်း ကောင်းတာ တွေကြောင့် ယောက်ျားလေး မိန်းကလေးပရိသတ်မရွေးအားလုံးက ချစ်ခင်နေကြရပြီး ဆွဲအားပြင်းတဲ့ခန္ဓာကောက်ကြောင်းအလှတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားသူလေးပါ..။

အဆီပိုတွေကင်းပြီး အချိုးအစားကျတဲ့ခန္ဓာကောက်ကြောင်း အလှတွေကို ပိုင်ဆိုင်ထားတဲ့ မမြတ်လေးတစ်ယောက် သူမရဲ့ကျစ်လစ်သွယ်လျတဲ့ကိုယ်လုံးလေးကို ထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းတွေလည်း အမြဲလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်..။ အခုတစ်ခါမှာလည်း အချစ်တော်လေးတစ်ယောက် Gym ကစား ရင်း ကျစ်လစ်ချပ်ရပ်နေတဲ့ သူမရဲ့ကောက်ကြောင်းအလှကိုယ်လုံးလေးကို မှန်ထဲမှာသဘောကျစွာ လှည့်ပတ်ကြည့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှလာပါတယ်နော်..။

Gym မှာ ပြေးလွှားခုန်ပေါက်နေတဲ့အပြင် ကိုယ်လုံးလေးကိုမှန်ထဲမှာလှည့်ပတ်ကြည့်ပြီး သဘောကျနေတဲ့သူမကို ဆရာဖြစ်သူကအနောက်နေ ဗီဒီယိုလေးရိုက်ပေးထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။ ချစ်စရာကောင်းလွန်းတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံး အတွက် တင်ဆက်မျှဝေပေးလိုက်တာမို့ မမြတ်လေးအတွက် အားပေးစကားလေးတွေလည်း ပြောပေးသွားကြပါဦးနော်..။

Photo Credit – myatlay’s IG Acc

Add a Comment

Your email address will not be published.