က်ိဳက္လတ္ၿမိဳ႕တြင္ Mytel တာဝါတိုင္ မီး႐ိႈ႕ခံရၿပီးေနာက္ စစ္တပ္က ကင္းေစာင့္ေန

ဧရာဝတီတိုင္း၊ က်ိဳတ္လတ္ၿမိဳ႕နယ္၊ စစ္ကုန္းေက်း႐ြာအနီး႐ွိ အာဏာသိမ္း စစ္တပ္ပိုင္ Mytel တာဝါတိုင္ကို FTR (FreeTiger Ranger) က်ိဳက္လတ္ၿမိဳ႕နယ္အဖြဲ႕ခြဲက စက္တင္ဘာ ၁၈ ရက္မွာ မီး႐ိႈ႕ဖ်က္ဆီးခဲ့ၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္သားေတြ တာဝါတိုင္ကို လာေရာက္ကင္းေစာင့္ေနတယ္လို႔ သိရပါသည္။

တာဝါတိုင္မီး႐ိႈ႕ခံရၿပီးေနာက္ပိုင္း စက္တင္ဘာ ၁၉ ရက္ေန႔မွာ စစ္တပ္နဲ႔ရဲအင္အား ၃ဝ ေလာက္ စစ္ကုန္းေက်း႐ြာကို ေရာက္႐ွိလာၿပီး ယာယီတပ္စြဲ ကင္းေစာင့္ေနကာ ေဒသခံအမ်ိဳးသား ၆ ဦးကိုလည္း ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါသည္။

“စစ္ေကာင္စီတပ္နဲ႔ရဲေတြ အင္အား ၃ဝ ေလာက္ ေရာက္လာၿပီး အမ်ိဳးသား ၆ ဦးကို ဖမ္းသြားတယ္။ အဖမ္းခံရသူေတြကို က်ိဳက္လတ္ၿမိဳ႕ေပၚစခန္းကို ေခၚသြားတယ္၊ ၿပီးေတာ့ ႐ြာမွာ တပ္စြဲၿပီးကင္းေစာင့္ေနတာ” လို႔ ေဒသခံတစ္ဦးကေျပာပါသည္။

စစ္ကုန္း႐ြာအနီးမွာ႐ွိတဲ့ Mytel တာဝါတိုင္ဟာ က်ိဳက္လတ္ၿမိဳ႕နယ္မွာ ပထမဆုံး မီး႐ိႈ႕ခံရတဲ့ တာဝါတိုင္ျဖစ္ၿပီး ၿပိဳလဲက်သြားတာမ်ိဳးေတာ့မ႐ွိခဲ့ဘူးလို႔ ဆိုပါတယ္။FTR အဖြဲ႕အေနနဲ႔ စစ္ေကာင္စီပိုင္ စီးပြားေရးလုပ္ငန္းမ်ားကို ေဖာက္ခြဲဖ်က္ဆီးတာေတြ ဆက္လုပ္သြားမယ္လို႔ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္တိုက္ဂါးက ေၾကညာထားပါသည္။

unicode

ဧရာဝတီတိုင်း၊ ကျိုတ်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ အာဏာသိမ်း စစ်တပ်ပိုင် Mytel တာဝါတိုင်ကို FTR (FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက စက်တင်ဘာ ၁၈ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ တာဝါတိုင်ကို လာရောက်ကင်းစောင့်နေတယ်လို့ သိရပါသည်။

တာဝါတိုင်မီးရှို့ခံရပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ စစ်တပ်နဲ့ရဲအင်အား ၃ဝ လောက် စစ်ကုန်းကျေးရွာကို ရောက်ရှိလာပြီး ယာယီတပ်စွဲ ကင်းစောင့်နေကာ ဒေသခံအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါသည်။

“စစ်ကောင်စီတပ်နဲ့ရဲတွေ အင်အား ၃ဝ လောက် ရောက်လာပြီး အမျိုးသား ၆ ဦးကို ဖမ်းသွားတယ်။ အဖမ်းခံရသူတွေကို ကျိုက်လတ်မြို့ပေါ်စခန်းကို ခေါ်သွားတယ်၊ ပြီးတော့ ရွာမှာ တပ်စွဲပြီးကင်းစောင့်နေတာ” လို့ ဒေသခံတစ်ဦးကပြောပါသည်။

စစ်ကုန်းရွာအနီးမှာရှိတဲ့ Mytel တာဝါတိုင်ဟာ ကျိုက်လတ်မြို့နယ်မှာ ပထမဆုံး မီးရှို့ခံရတဲ့ တာဝါတိုင်ဖြစ်ပြီး ပြိုလဲကျသွားတာမျိုးတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။FTR အဖွဲ့အနေနဲ့ စစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းများကို ဖောက်ခွဲဖျက်ဆီးတာတွေ ဆက်လုပ်သွားမယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ကြေညာထားပါသည်။

Add a Comment

Your email address will not be published. Required fields are marked *