တိုင္းျပည္ဂုဏ္ေဆာင္လိုက္တဲ့ မင္းသမီး အိျႏၵာေက်ာ္ဇင္
|ဂ်ာမနီနိုင္ငံမွာက်င္းပေနတဲ့ နိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္မွာ “What happened to the wolf?” ျမန္မာ႐ုပ္ရွင္ ဇာတ္ကားျပသခဲ့ပါတယ္။ အဲဒီ႐ုပ္ရွင္ဇာတ္ကားနဲ႔ပဲ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ဟာ
“Seymour Cassel Award for Best Performance” ဆု ရရွိတယ္လို႔ ဒီေန႔ စက္တင္ဘာ (၂၀)ရက္မွာ ထုတ္ျပန္ပါတယ္။ အဲဒီဇာတ္ကားကို ဒါရိုက္တာဏႀကီး ရိုက္ကူးတာျဖစ္ၿပီး သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္နဲ႔ ပိုင္ၿဖိဳးသုတို႔က အဓိကသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားပါတယ္။
ဒါအျပင္ မိတ္ကပ္ေမဦးအဖြဲ႕ကလည္း ႐ုပ္ရွင္ကားအတြက္ မိတ္ကပ္ဖန္တီးေပးထားတာျဖစ္ပါတယ္။ အကယ္ဒမီဆုရွင္လည္းျဖစ္တဲ့ အိျႏၵာေက်ာ္ဇင္ရဲ့ ရိုးရင္းလွပမႈ၊ ပင္ကိုယ္စိတ္ထားနဲ႔ တန္ဖိုးျဖတ္မရတဲ့ ႐ုပ္ရွင္ေလာကအတြက္ သူမရဲ့ ပါရမီကို
အသိအမွတ္ျပဳတဲ့အေနနဲ႔ ဒီဆုကို ခ်ီးျမႇင့္တာလို႔ “What happened to the wolf?” ေပ့ခ်္ကေန တရားဝင္ထုတ္ျပန္ထားပါတယ္။လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္အိျႏၵာေက်ာ္ဇင္ဟာ အင္းစိန္အက်ဥ္းေထာင္အတြင္း ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရတာျဖစ္ၿပီး
နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ၅၀၅ – ကနဲ႔ တရားစြဲဆိုခံေနရတာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဇာတ္ကားမွာပါဝင္တဲ့ သ႐ုပ္ေဆာင္၊ ဒါရိုက္တာနဲ႔မိတ္ကပ္ ဖန္တီးသူေတြကို စစ္ေကာင္စီဘက္က ဖမ္းဝရမ္းထုတ္ထားတာျဖစ္သလို
မိတ္ကပ္ဖန္တီးရွင္ျဖစ္တဲ့ ေမဦးဟာလည္း စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ေရးအတြက္ ပါဝင္ေဆာင္ရြက္ေနပါတယ္။ crd
unicode
ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ “What happened to the wolf?” မြန်မာရုပ်ရှင် ဇာတ်ကားပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားနဲ့ပဲ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ
“Seymour Cassel Award for Best Performance” ဆု ရရှိတယ်လို့ ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီဇာတ်ကားကို ဒါရိုက်တာဏကြီး ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
ဒါအပြင် မိတ်ကပ်မေဦးအဖွဲ့ကလည်း ရုပ်ရှင်ကားအတွက် မိတ်ကပ်ဖန်တီးပေးထားတာဖြစ်ပါတယ်။ အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရိုးရင်းလှပမှု၊ ပင်ကိုယ်စိတ်ထားနဲ့ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို
အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ “What happened to the wolf?” ပေ့ချ်ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတာဖြစ်ပြီး
နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ – ကနဲ့ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့မိတ်ကပ် ဖန်တီးသူတွေကို စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ထားတာဖြစ်သလို
မိတ်ကပ်ဖန်တီးရှင်ဖြစ်တဲ့ မေဦးဟာလည်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေပါတယ်။ crd