တော် လှန်ရေးနောက်တစ်ဆင့် တက် မည် ဟု NUGကာကွယ်ရေးဝန်ကြီး ဆို

မြေပြင်အခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ရွာပေါင်းများစွာရှိလာနေပြီး မကြာခင်မှာဘဲ တော်လှန်ရေးအဆင့် နောက်ထပ်တစ်ဆင့်ထပ်တက်မယ်လို့ အမျိုးသား

ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ မြို့ပြနဲ့လမ်းမတန်းတွေလက်မလွှတ်ရအောင်အနိုင်နိုင်ထိန်းနေရတယ်လို့လည်းသူကဆိုထားပါတယ်။

စက်တင်ဘာလ ရရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရဲ့ အရေးပေါ်အခြေ အနေကြေညာပြီး တစ်တိုင်းပြည်လုံး ရရာလက်နက်စွဲကိုင်တော်လှန်ကြဖို့ နှိုးဆော်လိုက်ပြီးနောက် အာဏာသိမ်းစစ်

ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာခဲ့ပါတယ်။

မကြာခင်မှာဘဲ တော်လှန်ရေးနောက်ထပ်အဆင့်တွေ ထပ်မံလာလိမ့်မယ်လို့ ဦးရည်မွန်ကဆိုထားပါသေးတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့လည်း ချင်းပြည်နယ်၊ကယားပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းအတွင်းကကျေးရွာတွေကို စစ်အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းပြီးမီးရှို့တာ၊ အပြစ်မဲ့ပြည်သူတွေကို PDFလို့စွပ်စွဲဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။

တော်လှန်ရေးအတွင်း အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေအတွက်တော့ ပြည်သူ့အစိုးရက တာဝန်ယူပါလိမ့်မယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ရေးသားပြောဆိုထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *