CDM ျပဳလုပ္ေနတဲ့ စက္ေခါင္း မႈး မေန႔က ရက္စက္စြာ ႐ိုက္ႏွက္ခံရၿပီး ေသဆုံး
|လြန္ခဲ့သည့္ ၉ရက္က မႏၲေလးၿမိဳ႕၊ ၆၂လမ္းႏွင့္ ၁၂၈လမ္းတြင္ ဆိုင္ကယ္႐ိုက္အလုခံရသူသည္ ဦးေခါင္းအတြင္း ေသြးခဲကာ ယေန႔ ေသဆုံးမႈျဖစ္စဥ္ ျဖစ္ပြားသြားသည္။
ေသဆုံးသြားသူမွာ မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္း မီးရထားစက္ေခါင္းမႉးအျဖစ္မွ CDM ျပဳလုပ္ကာ မႏၲေလးၿမိဳ႕တြင္းရွိ ေဈးတေဈး၌ မုန႔္တီမုန႔္ဖတ္ေရာင္းခ်သူအျဖစ္ ေျပာင္းလဲလုပ္ကိုင္ေနသူျဖစ္ေၾကာင္း
၎ႏွင့္နီးစပ္ရာအသိုင္းအဝိုင္းက လူမႈကြန္ရက္ေပၚသို႔ ေရးတင္ထားၾကသည္။ လုယက္သူမ်ားက ဆိုင္ကယ္ကိုယူေဆာင္သြားသည့္အျပင္
ခႏၶာကိုယ္ႏွင့္ ဦးေခါင္းကို႐ိုက္ႏွက္ကာ ထားပစ္ခဲ့ၾကၿပီး ဦးေဏွာက္ေသြးခဲမႈေၾကာင့္ ICU တြင္ သတိေမ့ေျမာေနရာမွ စက္တင္ဘာ၁၉ရက္ ညပိုင္းတြင္ အသက္ဆုံးပါးခဲ့ရသည္ဟု သိရသည္။ Crd
unicode
လွန်ခဲ့သည့် ၉ရက်က မန္တလေးမြို့၊ ၆၂လမ်းနှင့် ၁၂၈လမ်းတွင် ဆိုင်ကယ်ရိုက်အလုခံရသူသည် ဦးခေါင်းအတွင်း သွေးခဲကာ ယနေ့ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားသွားသည်။
သေဆုံးသွားသူမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း မီးရထားစက်ခေါင်းမှူးအဖြစ်မှ CDM ပြုလုပ်ကာ မန္တလေးမြို့တွင်းရှိ ဈေးတဈေး၌ မုန့်တီမုန့်ဖတ်ရောင်းချသူအဖြစ် ပြောင်းလဲလုပ်ကိုင်နေသူဖြစ်ကြောင်း
၎င်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းက လူမှုကွန်ရက်ပေါ်သို့ ရေးတင်ထားကြသည်။ လုယက်သူများက ဆိုင်ကယ်ကိုယူဆောင်သွားသည့်အပြင်
ခန္ဓာကိုယ်နှင့် ဦးခေါင်းကိုရိုက်နှက်ကာ ထားပစ်ခဲ့ကြပြီး ဦးဏှောက်သွေးခဲမှုကြောင့် ICU တွင် သတိမေ့မြောနေရာမှ စက်တင်ဘာ၁၉ရက် ညပိုင်းတွင် အသက်ဆုံးပါးခဲ့ရသည်ဟု သိရသည်။ Crd