ပြင်းရှရှ အလှတရားတွေနဲ့ ပုရိသတွေကို ညို့ယူဖမ်းစားလိုက်တဲ့ နန်းစုရတီစိုး




Source : NansuYatiSoe

unicode

လူတိုင်းမှာတော့ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်အမျိုးမျိုးရှိကြမှာပါနော်။ မင်းသမီးချောလေးနန်းစုရတီစိုးကတော့ အဝါရောင်ကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်လို့ဆိုရမှာပါ။ အဝါရောင်နဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်လေးကိုလည်းပြောပြထားပါသေးတယ်။

နန်းစုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အဝါရောင် ဆိုတာ ပျော်ရွှင်မှုတဲ့ ကိုယ်ကတော့ အဝါရောင်ကို တောက်ပတဲ့နေ့သစ်တွေ ပေးနိုင်လို့ကြိုက်တယ်..ကိုယ်အဝါရောင်ဝတ်ထားရင် there’s sunshine in your smile လို့ပြောတတ်တာကို သတိရပြီး ပြုံးမိသေးတယ်” လို့ရေးသားထားတာပါ။ နန်းစုကတော့ အဝါရောင်ဝတ်စုံလေးနဲ့အသက်ရှူမှားလောက်စရာလှပနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေလိုက်ပါတယ်။

အသက်နဲ့မလိုက်အောင်နုပျိုပြီး ဘိုမရုပ်လေးလိုချစ်စရာကောင်းတဲ့သူရယ်လို့ သတ်မှတ်ခံထားရသူကတော့ နန်းစုရတီစိုးပါ။ နန်းစုကတော့ အဝါရောင်နဲ့ပတ်သက်ရင် ကြည်နူးစရာအမှတ်တရလေးတွေ ရှိတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်နော်..
Source : NansuYatiSoe

Add a Comment

Your email address will not be published.