ယေန႔ျမန္မာျပည္ႀကီး၏ အေျခအေနႏွင့္ ေသြးထြက္ေအာင္ မွန္ကန္ေန တဲ့ နိမိတ္တေဘာင္

ေသြး ထြက္ေအာင္ မွန္ကန္ေန တဲ့ နိမိတ္တေဘာင္ႏွင့္ ယေန႔ျမန္မာျပည္ႀကီး၏ အေျခအေနကို စာဖတ္သူ ခ်စ္ပရိသတ္မ်ားအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ကုန္းေဘာင္ေခတ္ကတည္းက ေပၚခဲ့တဲ့ နာမည္ေက်ာ္ တေဘာင္တစ္ခုရဲ့ အဓိပၸာယ္ဖြင့္ဆိုခ်က္”မွာ

(၁) ဟသၤာ မင္း အင္းကို ဆင္းမည္။ (၂) ထိုဟသၤာကို မုဆိုး ေလးနဲ႔ခြင္းမည္။ (၃) မုဆိုးကို ထီးရိုးရိုက္လိမ့္မည္။ (၄) ထီးရိုးကို မိုးႀကိဳးပစ္လိမ့္မည္။

(၅) သံခေမာက္ေဆာင္း ေလးေယာက္ေပၚလိမ့္မည္။ (၆) ဧရာဝတီ ခမ္းလိမ့္မည္။(၇)လက္ပံလည္း ရွားလိမ့္မည္။ (၈)ၾကက္မတြန္လို႔ မိုးလင္း မည္။

(၉)ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္မည္(၁၀)ဗုဒၶရာဇာသာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း။ တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။

အဓိပၸာယ္ ဖြင့္ဆိုခ်က္မ်ား ။။

(၁) ဟသၤာမင္း အင္းကိုဆင္းမည္ -ဟံသာဝတီမြန္တို႔ အင္း ဝကို သိမ္းပိုက္လိမ့္မည္။ဟသၤာမွာ ဟံသာဝတီမြန္တို႔၏ အမွတ္အသားျဖစ္ၿပီး အင္းဆိုသည္မွာ အင္းဝကို ဆိုလိုသည္။အင္းတို႔၏အဝမွာရွိ လို႔ အင္းဝ (InWa)၊ ျမစ္တို႔အင္းတို႔၏ ဆုံရာအဝမွာရွိလို႔ အဝ (AVA)၊ အင္းကိုး အင္းအလယ္မွာ ရွိလို႔ အင္းနဝ(Innwa) စသျဖင့္ ေခၚဆိုခဲ့ ၾကပါသည္။

(၂)ထိုဟသၤာကို မုဆိုး ေလးနဲ႔ခြင္းမည္ -ထိုဟံသာဝတီ အင္အားစုကို မုဆိုးဘို (ေရႊဘို)အင္အားစုက အနိုင္ယူလိမ့္မည္။ ကုန္း ေဘာင္မင္းဆက္ကို အခ်ိဳ႕က မုဆိုးမင္းဆက္ဟုလည္း ေခၚၾကသည္။

(၃)မုဆိုးကို ထီးရိုးရိုက္လိမ့္မည္။

ထိုကုန္းေဘာင္မင္းဆက္ေခၚမုဆိုးမင္းဆက္ကို စေနနံတိုင္းတပါးမင္းက အနိုင္ယူ ျဖဳတ္ခ်လိမ့္မည္။

(၄) ထီးရိုးကို မိုးႀကိဳးပစ္လိမ့္မည္ -စေနနံတိုင္းတပါးမင္းအစိုးရကို ၾကာသပေတးနံပုဂၢိဳလ္နဲ႔ ၾကာသာပေတးနံ အဖြဲ႕အစည္းတို႔က ျဖဳတ္ခ်ဖယ္ ရွားၿပီး လြတ္လပ္ေရး အရယူေပးလိမ့္မည္။

ဗမာ့လြတ္လပ္ေရး တပ္မေတာ္၊ ဗမာ့ကာကြယ္ေရး တပ္မေတာ္၊ မ်ိဳးခ်စ္ ဗမာ့တပ္မေတာ္၊ ဖ တပလ၊ ဖဆပလ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အားလုံးဟာ ၾကာသာပေတးနံမ်ားသာ ျဖစ္သည္ကို အံ့ၾသဖြယ္ေတြ႕ရလိမ့္မည္။

(၅)သံခေမာက္ ေဆာင္း ေလးေယာက္ ေပၚလိမ့္မည္။တပ္မေတာ္မွာ အျမင့္ဆုံးေခါင္းေဆာင္ ေလးေယာက္မွာ နိုင္ငံ၏အျမင့္ဆုံးေခါင္းေဆာင္ျဖစ္မည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း။ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာင္၊ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊ

(၆) ဧရာဝတီ ခမ္းလိမ့္မည္ -ယခုပင္ ေႏြရာသီဆို ဧရာဝတီမွာ ေမာ္ေတာ္၊သေဘၤာေတြ ဝါးလုံးေထာက္စမ္းၿပီးသြားေနရၿပီ။ ျမစ္ဆုံစီမံကိန္းသာ အေကာင္အထည္ေဖာ္လို႔က ေတာ့ သြားၿပီ…

(၇) လက္ပံလည္း ရွားလိမ့္မည္ -တိုက္တိုက္ဆိုင္ဆိုင္ပင္ ယခုအေတာအတြင္း တ႐ုတ္နဲ႔ ကမၻာ့ေဈးကြက္က ကၽြန္းသစ္ ထက္ေတာင္ႀကိဳက္လို႔ အမ်ားဆုံးခိုးထုတ္ခံေနရေသာ တမလန္းသစ္မွာ လက္ပံမ်ိဳးႏြယ္ဟု သိရသည္။

(၈) ၾကက္မတြန္လို႔ မိုးလင္းမည္ -အမ်ိဳးသမီးေခါင္းေဆာင္ တစ္ေယာက္က ျမန္မာျပည္ကို ျပည္သူ႔အာဏာပိုင္စိုးေသာ ဒီမိုကေရစီအလင္းေခတ္သို႔ ေရာက္ေစလိမ့္မည္။

(၉) ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္မည္ -သို႔ေသာ္ ထို အမ်ိဳးသမီးေခါင္းေဆာင္ၿပီးေနာက္ အမ်ိဳးဘာသာသာသနာကို ေစာင့္ေရွာက္အ ေလးထားေသာ မင္းအစိုးရ တက္လာၿပီး သာသနာေတာ္ကို ျပန္လည္ထြန္းလင္းေစ လိမ့္မည္။ (ဗုဒၶရာဇာ= ဗုဒၶသာသနာျပဳမင္း)

(၁၀)ဗုဒၶ ရာဇာ သာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။ဒါကေတာ့ ျဖစ္မလာ ေသးလို႔ ေစာင့္ၾကည့္ရေပအုံးမည္။

ေဒါက္တာအရွင္လကၡဏသာရ

unicode

သွေး ထွက်အောင် မှန်ကန်နေ တဲ့ နိမိတ်တဘောင်နှင့် ယနေ့မြန်မာပြည်ကြီး၏ အခြေအနေကို စာဖတ်သူ ချစ်ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော် တဘောင်တစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်”မှာ

(၁) ဟင်္သာ မင်း အင်းကို ဆင်းမည်။ (၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ (၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ (၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။

(၅) သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။ (၆) ဧရာဝတီ ခမ်းလိမ့်မည်။(၇)လက်ပံလည်း ရှားလိမ့်မည်။ (၈)ကြက်မတွန်လို့ မိုးလင်း မည်။

(၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း။ တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။

အဓိပ္ပာယ် ဖွင့်ဆိုချက်များ ။။

(၁) ဟင်္သာမင်း အင်းကိုဆင်းမည် -ဟံသာဝတီမွန်တို့ အင်း ဝကို သိမ်းပိုက်လိမ့်မည်။ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို ဆိုလိုသည်။အင်းတို့၏အဝမှာရှိ လို့ အင်းဝ (InWa)၊ မြစ်တို့အင်းတို့၏ ဆုံရာအဝမှာရှိလို့ အဝ (AVA)၊ အင်းကိုး အင်းအလယ်မှာ ရှိလို့ အင်းနဝ(Innwa) စသဖြင့် ခေါ်ဆိုခဲ့ ကြပါသည်။

(၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည် -ထိုဟံသာဝတီ အင်အားစုကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်း ဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။

(၃)မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။

ထိုကုန်းဘောင်မင်းဆက်ခေါ်မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။

(၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည် -စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ ကြာသာပတေးနံ အဖွဲ့အစည်းတို့က ဖြုတ်ချဖယ် ရှားပြီး လွတ်လပ်ရေး အရယူပေးလိမ့်မည်။

ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ မျိုးချစ် ဗမာ့တပ်မတော်၊ ဖ တပလ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အားလုံးဟာ ကြာသာပတေးနံများသာ ဖြစ်သည်ကို အံ့သြဖွယ်တွေ့ရလိမ့်မည်။

(၅)သံခမောက် ဆောင်း လေးယောက် ပေါ်လိမ့်မည်။တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း။ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

(၆) ဧရာဝတီ ခမ်းလိမ့်မည် -ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊သင်္ဘောတွေ ဝါးလုံးထောက်စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့က တော့ သွားပြီ…

(၇) လက်ပံလည်း ရှားလိမ့်မည် -တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအတောအတွင်း တရုတ်နဲ့ ကမ္ဘာ့ဈေးကွက်က ကျွန်းသစ် ထက်တောင်ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်။

(၈) ကြက်မတွန်လို့ မိုးလင်းမည် -အမျိုးသမီးခေါင်းဆောင် တစ်ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။

(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည် -သို့သော် ထို အမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို စောင့်ရှောက်အ လေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေ လိမ့်မည်။ (ဗုဒ္ဓရာဇာ= ဗုဒ္ဓသာသနာပြုမင်း)

(၁၀)ဗုဒ္ဓ ရာဇာ သာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ဒါကတော့ ဖြစ်မလာ သေးလို့ စောင့်ကြည့်ရပေအုံးမည်။

ဒေါက်တာအရှင်လက္ခဏသာရ

Add a Comment

Your email address will not be published. Required fields are marked *