အင်တာနက်လွတ်လပ်ခွင့် အဆုံးရွား ဆုံး ချိုးဖောက် ခံ ရ တဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံထပ်ဆုံး က ပါဝင်နေ

မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးကစလို့ လက်ရှိအချိန်အထိ ပြည်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်္မှု့မျိုးစုံနဲ့ ကြုံတွေ့နေရပါသည်။

ဒီထဲမှာ အင်တာနက်လွတ်လပ်ခွင့်အတွက် ချိုးဖောက်မှုတွေလည်း ရှိနေပြီး Freedom House ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံဟာ အင်တာနက် လွတ်လပ်ခွင့်အဆုံးရွားဆုံး ချိုးဖောက်ခံရတဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေတာကို တွေ့မြင်ရပါတယ်။
Freedom House ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့်အတွက် တစ်နှစ်အတွင်း အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားခဲ့တာပါသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစောင့်ကြည့် မြှင့်တင်ရေးအဖွဲ့ (Freedom House) ရဲ့ စစ်တမ်းမှာ တရုတ်နိုင်ငံကတော့ ၇ နှစ်ဆက်တိုက် အင်တာနက်လွတ်လပ်ခွင့်ချိုးဖောက်မှု အဆိုးရွားဆုံး နိုင်ငံအဖြစ် သတ်မှတ်တာ ခံခဲ့ရပါသည်။

မြန်မာနိုင်ငံမှာ စစ်အုပ်စု အာဏာသိမ်းပြီးကတည်းက သတင်းလွတ်လပ်ခွင့်တွေဟာ ဆုံးရှုံးခဲ့ရပါတယ်။အင်တာနက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စောင့်ကြည့်တာတွေရှိခဲ့ပြီး ပြည်တွင်းက ဆက်သွယ်ရေးလုပ်ငန်းတွေကို ကြားဖြတ်နားထောင်လို့ရတဲ့ နည်းပညာတွေအသုံးပြုဖို့ စစ်အုပ်စုက ဖိအားပေးခဲ့ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *