နွေဦးတော်လှန်ရေး ရံပုံငွေရှာဖွေရေးပွဲတွေ အတွက် California ပြည်နယ် ကို ခြေဆန့်ခရီးထွက်တော့ မယ့် ပန်ဆယ်လို
|ဒီရက်ထဲ စာရေးကျဲနိုင်ပါတယ်။ နက်ဖြန်ကစပြီး California ပြည်နယ် ဆက်ခရက်မန်းတို၊ ဆန်ဖရန်စစ္စကို၊
လောစ့်အိန်ဂျလိစ်မြို့သုံးမြို့က နွေဦးတော်လှန်ရေး ရံပုံငွေရှာဖွေရေးပွဲတွေကို အားဖြည့် ကူညီဖို့ ခရီးထွက်မှာမို့ပါ။
ဒီမြို့တွေက မြန်မာမိသားစုတွေကို ဒီပွဲကို လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နွေးထွေးစွာ ဆုံဆည်းချင်ပါတယ်။ စကားတွေ ပြောကြမယ်။ မေးချင်တာတွေရှိရင် ဖြေပါ့မယ်။ပွဲစီစဉ်သူ Organizer အဖွဲ့တွေကတဆင့် ရရှိတဲ့ရံပုံငွေအားလုံးကို
အရေးတော်ပုံအောင်မြင်ဖို့ လိုအပ်တဲ့ နေရာတွေဆီအရောက် လှူဒါန်းနိုင်မှာမို့ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။မြန်မာပြည်ရဲ့ ဒီမိုကရေစီတိုက်ပွဲအတွက် တတ်စွမ်းရာ
တစ်ထောင့်တစ်နေရာကနေ အတူပါဝင်ကြရအောင်ပါဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။