နောက် ၇၂ နာရီ အတွင်း ရာသီဥတုဆိုးရွာပြင်းထန်လာနိုင် တဲ့ဒေသ များနှင့် နေ့စဉ်မိုးလေဝသ သတင်း ထုတ်ပြန်ချက်

နောက်၂၄ နာရီအတွင်း ရန်ကုန်တိုင်း ဆပ်ကြီးခနောင်တို ဒလ သန်လျှင် ကျောက်တန်း သီလဝါ တံတား ခရမ်း သုံးခွ ရန်ကုန် ကော့မှူးကွမ်းခြံကုန်း ဖျာပုံ ဒေးဒရဲ ကျိုက်လတ် တွံတေး မအူပင် ညောင်တုန်း ဆားမလောက်

ဓနုဖြူ ပန်းတနော် ကျောင်းကုန်း အိမ်မဲ မြောင်းမြ ဝါးခယ်မ မော်လမြိုင်ကျွန်း ကျူံပျော် ဘိုကလေး လပွတ္တာ ငပုတော မော်တင် ဟိုင်းကြီး ပုသိမ် သာပေါင်း ရေကြည် အသုတ် ငသိုင်းချောင်း ဟင်္သာတ ဒေါင့်ကြီး ဒူးယား ဇလွန် ချောင်းသာ ငွေဆောင် မိုးကြီးရေလျှံနိုင်ပြီး

နောက် ၇၂ နာရီအတွင်း ​မော်တင် ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်းပင်လယ် ငွေဆောင် ချောင်းသာ ပုသိမ် ငပုတော ဂွ ရာသီဥတုဆိုးရွာပြင်းထန်နိုင်ပါတယ်”ဆိုပြီး ခန့်မှန်းပေးထားပါတယ်။

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပါတယ်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ

ချင်းပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သူ ပြည်သားအားလုံး သဘာဝဘေးအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

Source: မိုးဇလ & SU SU SAN

Add a Comment

Your email address will not be published. Required fields are marked *