ရောင်းချတော့မယ့် သူ့ရဲ့ စားသောက်ကုန် အသစ်လေး ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေး လိုက် တဲ့ ဦးမိုးဒီ
|ရယ်စရာဟာသလေးတွေနဲ့ မရိုးနိုင်အောင် ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့
ဇာတ်ပို့သရုပ်ဆောင် ဟာသလူရွှင်တော်ဖြစ်တဲ့ အကယ်ဒမီ ဦးမိုးဒီကတော့
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တည်းက ပရိသတ်တွေ ချစ်ခင်အားပေးနေကြရသူပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အသက်အရွယ်အရ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း
ပရိသတ်တွေကတော့ ချစ်ခင်အားပေးနေကြဆဲပါ ။
မကြာခင်နာရီပိုင်းကဦးမိုးဒီကကိုယ်တိုင် ထုတ်လုပ်ရောင်းချမယ့် စားသောက်ကုန် အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ် ။
ဒါကတော့မြန်မာလူမျိုးတိုင်း ကြိုက် နှစ်သက်ကြတဲ့ မုန့်ဟင်းခါး ခြောက်ထုပ်လေးပဲဖြစ်ပါတယ်။
ဒါ့အပြင် အကယ်ဒမီဆိုတဲ့ နာမည်နဲ့ ဒီမုန့်ဟင်းခါးခြောက်ထုပ်ကိုလည်းသူကိုယ်တိုင်ပါဝင်သရုပ် ဆောင် ကာ
ကြော်ငြာ ရိုက်ကူးနေတဲ့ ရိုက် ကွင်းပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ် ။
ပရိသတ်ကြီးလည်း ဦးမိုးဒီရဲ့ မုန့်ဟင်းခါးလေးကို အားပေးလိုက်ပါဦးနော် ။
စိတ်ကောက်တတ်တဲ့ သားသားမိုးဒီ ဟာ… တစ်အိမ်လုံးကြားအောင်ငိုပါတော့တယ်…။
ထိုးတိုင်းမွဲ 2D ဘုရင်မ မေမေဒေါ်ဖောင်းလဲ သားသားမိုးဒီ ငိုသံကို ကြားလိုက်ရတာပေါ့…။
ဒါနဲ့ သားသားမိုးဒီ လဲ မနက်စာမစားရသေးကြောင်း ဗိုက်ဆာနေလို့ဖြစ်ကြောင်း မေမေဒေါ်ဖောင်းကို ပြောပြတာပေါ့ဗျာ…။
ဈေးသွားရင်းမနက်စာတစ်ခါထဲ ဝယ်မလာတဲ့… ဖေဖေဦးမိုးစက်ကို တွေ့လိုက်တဲ့အခါမှာတော့…။
မနက်စောစောဈေးထသွားရတဲ့ ဖေဖေဦးမိုးစက်ဟာ.
ဇာတ်လမ်းတွဲများကဲ့သို့… ဒုတိယပိုင်း လှပစွာ အိပ်စက်နေတာပေါ့ဗျာ…။
မေမေဒေါ်ဖောင်း တစ်ယောက် ညင်သာစွာ နှိုးလိုက်တာကြောင့်…
ဖေဖေဦးမိုးစက်လဲ အကြောက်တရားကင်းမဲ့စွာနဲ့ အိပ်ယာက ထလိုက်ပါတယ်…။
(လိမ်ဆွဲတာ နားရွက်ပါပျောက်တယ်) 😖
ဒီမှာတွေ့လား…ရှင့်သားဗိုက်ဆာနေပြီ
အခုချက်ချင်းမနက်စာသွားဝယ် ဆိုပြီး ဒေါ်ဖောင်းတစ်ယောက် ညွှန်ကြားနေပါပြီ…။
လိမ္မာစွာ..ဖေဖေဦးမိုးစက်အပြင်ထွက်လာပေမယ်
ဒီအချိန်မရတော့ဘူးဆိုတာသိနေတော့ စိတ်ညစ်ရပြီလေ။
မနက်စာထွက်ရှာတဲ့ဖေဖေဦးမိုးစက်တစ်ယောက်
အမြင်စောင်းနေတဲ့ ဦးကောင်းစံအနားက အန္တရာယ်ကို မြင်လိုက်ရချိန်မှာ…။
ဆိုက်ကားတိုက်လို့ အသက်ဆုံးရှုံးတော့မယ့်
ဦးကောင်းစံကို ဦးမိုးစက် ကယ်လိုက်နိုင်ပါပြီ…။
(ကြော်ငြာနော်)