“ငရဲတွေကြီးပါ့မယ် ဦးရယ်…မီးက တကယ် ခလေးရှိပါသေးတယ် ”0ိာန် 🙂 0ိာန် 🙂
0ိာန် 🙂 0ိာန် 🙂
unicode
သမီးက ကလေးလေး ရှိသေးတယ် ဆိုတဲ့ ကေတီဗီ က (၁၆) နှစ်ကောင်မလေး ရဲ့သနားစရာအဖြစ်
ကောင်မလေးကလည်း အကြိမ်ကြိမ်ငြင်းဆိုနေတာပေါ့ !
”ဦးရယ် မဖြစ်နိုင်ပါဘူး ခုမီးက…ခလေးရှိသေးတယ်”
ဘောစိ ဦးလေးကြီးလည်း” မီးကိုသာရမယ်ဆို ဘယ်ပုဒ်မတွေမဆို ငွေနဲ့ဖြေရှင်းမည်ဖြစ်ကြောင်း …
နွားအို မြက်နုကြိုက်တာ အစဉ်အလာဖြစ်ကြောင်း” ပြောဆိုကာ ဒူးထောက်၍ လက်ထပ်ခွင့်တောင်းနေပြန်တယ် !
ကောင်မလေးကလည်း “ငရဲတွေကြီးပါ့မယ် ဦးရယ်…မီးက တကယ် ခလေးရှိပါသေးတယ်”ဆိုပြီး…
အကြိမ်ကြိမ်ငြင်းဆိုနေတော့…ဘောစိဦးလေးကြီးလည်း …
“မီးလေးရေ …ရှေ့ရေးစဉ်းစားလေ” ..ဆိုပြီး အမြဲ နားပူနားစာလုပ်နေတယ် !
နောက်ဆုံးတော့ မီးဆိုတဲ့ကောင်မလေးလည်း ဘောစိဦးလေးကို….
မငြင်းသာ မလှုပ်သာပဲ လက်ထပ်ဖို့သဘောတူ လိုက်တယ် !
ကောင်မလေးက..ဦးနဲ့လက်ထပ်ပြီး….
ရွာကို ခဏ ဆိုပြီးပြန်သွားတာပေါ့ !
ဦးလည်း လွမ်းကာကျန်ရစ်ခဲ့တယ် !
နှစ်ရက်သုံးရက်နေတော့ ကောင်မလေး ဦးဆီကို ပြန်ရောက်လာတယ် !
ကောင်မလေး(ခေါ် )မီးရဲ့ ဘယ်ဘက်လက်မှာ တစ်နှစ်အရွယ် ခလေးလေးတစ်ယောက် ချီပိုးပြီးပါလာတယ်။
အဲ့ဒီမှာ ဘောစိဦးလေးကြီးကဘယ်သူလဲမေးတာပေါ့ !
“ဦးကို မီးပြောထားတယ်လေ…မီးကခလေးရှိသေးတယ်လို့ပြောထားတာ ဦးမေ့သွားပြီလား”တဲ့….!
ဘောစိကြီးလည်း အဲ့ဒီနေရာမှာပဲရှော့ ဖြစ်ပြီး နန်းတော်ဆေးရုံရောက်ရှာပေါ့ !
0ာိန် 🙂 0ာိန် 🙂
Credit :Original Uploader