ပရိသတ်တွေချစ်အားပိုအောင် ဖမ်းစားထားတဲ့ မေမြင့်မိုရ် ရဲ့ ပုံရိပ်လေးများ

မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ မေမြင့်မိုရ် ဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ အချစ်တွေနဲအတူ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ သူမက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေရပြီလည်းဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေအပြင် ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မကြာခဏဆိုသလို မေမြင့်မိုရ် က ပရိသတ်တွေအတွက် အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီး ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာလည်း မေမြင့်မိုရ် က မြင်သူတိုင်း အသည်းယားလောက်မယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ မေမြင့်မိုရ် က နာမည်ကြီးနေတဲ့ သီချင်းလေးကို ကိုယ်ဟန်အမူအရာလေးနဲ့ ချစ်စရာကောင်းအောင် ဆော့ထားတာ ဖြစ်ပါတယ်။ အချစ်တော်လေး မေမြင့်မိုရ် ရဲ့ tik tok လေးတွေကလည်း ပရိသတ်တွေအတွက် အချစ်ပိုခဲ့တာကို တွေ့ရပါတယ်။ ကဲ… ပရိသတ်ကြီးရေ မေမြင့်မိုရ် ရဲ့ ယခုတစ်ခါ tik tok လေးကို သဘောကျချစ်ခင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

သတင်းအရင်းမြစ်: Video Credit & Source – May Myint Mo fb account

Add a Comment

Your email address will not be published. Required fields are marked *