သူမဟာ မြန်မာလူမျိုးဆိုတာ သိစေဖို့ ဟောလိဝုဒ် ဇာတ်ကား ထဲ မှာ မြန်မာစကားပြောခွင့် တောင်းဆိုခဲ့တဲ့ မေမြတ်နိုး
|မေမြတ်နိုးဟာဆိုရင်တော့ မြန်မာနိုင်ငံက professional model တစ်ဦးဖြစ်သလို နိုင်ငံတကာမှာလည်း အနုပညာလှုပ်ရှားမှုတချို့ ပြုလုပ်နေသူပါနော်။ စစ်အာဏာသိမ်းစဉ် ကတည်းကလည်း ပြည်သူဘက်က
ရပ်တည်ပြီးတော့ ပြည်သူနဲ့ တစ်သားတည်းရှိတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်နော်။ သူမကတော့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲ ကနေပြီးတော့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး မော်ဒန်ပြိုင်ပွဲများစွာ
ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ယခုအခါ professional model တစ်ဦးအနေနဲ့ရော မင်းသမီးတစ်ဦးအနေနဲ့ပါ ရပ်တည်နေသူဖြစ်ပါတယ်နော်။ မေမြတ်နိုးဟာ ဟောလိလဝုဒ်ရုပ်ရှင် ဇာတ်ကားတစ်ကား
ဖြစ်တဲ့ INVILCIBLE ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီး တစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့ပြီးတော့ ယင်းဇာတ်ကားမှာ သူမက အာရှမိန်းကလေးတစ်ဦးအဖြစ် ပါဝင်ခဲ့ရပြီးတော့ သူမက သူမဟာ မြန်မာလူမျိုး
တစ်ဦးဖြစ်ကြောင်း သိစေရန် မြန်မာစကားတစ်ခွန်းလောက် ထည့်သွ.င်းပြောဆိုရန် တောင်းဆိုခဲ့တာပါ။ သူမ တောင်းဆိုခဲ့သလိုလည်းဘဲ မြန်မာစကားကို ထည့်သွင်းပြောဆိုခွင့် ရရှိခဲ့ပါတယ်နော်။
မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပြီးတော့ မြန်မာပြည်သူ/သားများအားလုံး စစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွ.တ်မြောက်ကြပါစေနော်။ လေးစားစွာဖြင့် ခရက်ဒစ်.