နေ့မအားညမအား အလုပ်လုပ်နေပြီး သူငယ်တွေကို အမ်းနေတယ်လို့ ကိစ္စ ပြန်ဖြေရှင်းလာ တဲ့ ရွှေရည်သိန်းတန်
unicode
မင်္ဂလာပါ ပရိသတ်ကြီးရေ နေ့မအား ညမအား အလုပ်လုပ်နေပြီး သူငယ်တွေကို အမ်းနေတယ်လို့ ေ.ဝ.ဖ.န်တို.က်.ခို.က်မှုတွေကို ြ.ပ.တ်ြ.ပ.တ်သားသား ပြန်ဖြေရှင်းလာတဲ့ ရွှေရည်သိန်းတန် – အဆိုတော် ရွှေရည်သိန်းတန်ကတော့ အနုပညာပိုင်းမှာ ပရိသတ်အားပေး ချစ်ခင်မှုတွေကို
ရရှိထားသလို ကိုယ်ပိုင်စီးပွားရေးအဖြစ် ကျောက်မျက်ရတနာလုပ်ငန်းတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်။ မကြာခင်ကမှ ကိုဗစ်ကပ်ရောဂါကြောင့် ခင်ပွန်းဖြစ်သူကို ဆုံ.းရှုံ.းထားရတဲ့ ရွှေရည်သိန်းတန်ကတော့ အလုပ်တွေကိုဖိလုပ်ရင်း အခက်အခဲဆုံးအချိန်တွေကို အကောင်းဆုံး
ကျော်ဖြတ်နေတာလည်း ဖြစ်ပါတယ်။ အလုပ်တွေကို ကြိုးစားလုပ်ဆောင်နေတဲ့ ရွှေရည်သိန်းတန်ဟာ အိပ်ချိန်ကလွဲလို့ စားနေတဲ့အချိန်မှာတောင် အလုပ်လုပ်နေတာတွေက သူငယ်အမ်းဖို့မဟုတ်ကြောင်း ေ.ဝ.ဖ.န်တို.က်.ခို.က်နေသူတွေကို ပြောလာပါတယ်။ မနက်အိပ်ယာနိုးလို့
မျက်လုံးပွင့်ကတည်းက မျက်နှာမသစ်ရသေးခင် အလုပ်လုပ်ကာ ထမင်းစား ကားမောင်းနေတဲ့အချိန်တွေနဲ့ လှုပ်ရှားမှုတွေတိုင်းမှာ အလုပ်လုပ်နေတာဟာ တစ်ခုတည်းသော စိတ်ထွက်ပေါက် ဖြစ်တယ်ဆိုပြီး ပြောပြထားတာပါ။ သူမအလုပ်တွေ ကြိုးစားလုပ်ဆောင်နေတာဟာ
သူငယ်အမ်းဖို့မဟုတ်သလို စေတနာနဲ့မတန်တဲ့သူတွေနဲ့ ဘာအလုပ်မှ ပင်ပန်းခံမလုပ်ဘဲ အကူအညီ ထိုင်တောင်းနေသူတွေအတွက် မဟုတ်ဘူးဆိုပြီးတော့လည်း ြ.ပ.တ်သားစွာ ပြောထားပါသေးတယ်။ အလုပ်လုပ်နေတာတွေဟာ ဆင်းရဲဖူးလို့ ပြန်မဆင်းရဲ ချင်တဲ့အပြင်
လှူတန်းချင်လို့ မိဘနှစ်ပါးနဲ့ခင်ပွန်းကို အကောင်းဆုံးကုသိုလ်တွေနဲ့ သံသရာအထောက်အပံ့ပြု ကျေးဇူးဆပ်ချင်သလို ဒုက္ခရောက်ချိန်မှာ ကျေးဇူးပြုဖူးသူတွေကို ပြန်ကူညီချင်တာတွေကြောင့် အလုပ်တွေ လောဘတကြီး လုပ်နေတာဖြစ်ကြောင်း ပြောပြထားပြီး
ပရိသတ်တွေကလည်း အားပေးစကားတွေ ပြောထားကြတာ ဖြစ်ပါတယ်။ အခုလိုဝင်ရောက် ဖတ်ရှုပေးကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်း ကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.
Add a Comment
Your email address will not be published. Required fields are marked *