လူထု အထင်ကြီးအောင် ပူတာအိုခရီးစဉ်ကို သွားပြတော့ မည့် စစ်ကောင်စီခေါင်းဆောင်
unicode
မင်းအောင်လှိုင်သည် ယခုလကုန်ပိုင်းတွင် ပူတာအိုသို့ လာရောက်မည်ဖြစ်ကြောင်း မပခနှင့်နီးစပ်သူတစ်ဦးမှ ကချင်သတင်းမီဒီယာဌာနတစ်ခုဖြစ်သော NBung Dat Kasa သို့ပြောကြားခဲ့ကြောင်း သိရသည်။
လုံခြုံရေးကြိုတင်ပြင်ဆင်ထားပြီး ပူတာအို၊ နောင်မွန်နှင့် ခေါင်လန်ဖူး တို့မှ ပြည်သူ့စစ်အဖွဲ့နှင့် ရပ်မိရပ်ဖများအား လာရောက်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ထပ်မံသိရသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက်ကတည်းက ပူတာအိုသို့ သွားရောက်ရန်စီစဉ်ထားခဲ့သော်လည်း ၎င်း၏လုံခြုံရေးတပ်ဖွဲ့များအား KIA မှ ဖြတ်သန်းခွင့်မပြုသဖြင့် ခရီးစဉ်အားဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။