သူမ တစ်သက်ဘယ်တော့မှ မေ့မရတော့ တဲ့ စိတ်ဒဏ်ရာတွေ ကို ဝမ်းနည်းစွာ နဲ့ ရင်ဖွင့်လာတဲ့ ထားထက်ထက်

ပရိတ်သတ်ကြီးရေ …မော်ဒယ် သရုပ်ဆောင်မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် မော်ဒယ်လောက မှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ကူးပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာဟန်ပန် အမူအယာလေး တွေကြောင့်ပရိတ်သတ်ရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေး တစ်ယောက်ပဲဖြစ်ပါတယ်နော်။

ဖေဖော်ဝါရီလကတည်းကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှ အင်အားသုံး ချေမှုန်းခဲ့တာ ဖြစ်တဲ့အတွက် အပြစ်မဲ့တဲ့ လူပေါင်းများစွာ ကျဆုံးခဲ့ရလို့ ဝမ်းနည်းရပြီး နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ သွားရောက်ဖို့ အခုလိုဆုံးဖြတ်ချက် ချခဲ့တာ ဖစ်ပြီး အာဏာရှင် ကို တိုက်ထုတ်ဖို့အတွက် ဧပြီလကတည်းက တောထဲတွင် စစ်ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ထားထက်ထက်က ” ၂ လ တောင်ရှိပြီ…တရက်မှ မေ့မရဘူး ဖေဖေ 😭😭😭အခုချိန်ထိ အိမ်ရှေ့ဧည့်ခန်းမှာ အမြဲထိုင်စောင့်နေတဲ့ဖေ့ကို တွေ့ရဖို့ မျှော်ပြီးပြန်လာနိုင်ဖို့ ကြိုးစားနေတုန်းပဲ…

ဖေနဲ့ နေ့တိုင်း စကားတွေပြောချင်နေတယ်…ဖေ့ကို စလိုက် နောက်လိုက် နဲ့ ရန်တွေဖြစ်ချင်သေးတယ်…ဖေနဲ့ ငြင်းကြခုန်ကြရင်း ဖဲတူတူရိုက် ကစားချင်သေးတယ်…ဖေနဲ့ အလုပ်ကိစ္စတွေ တိုင်ပင်ချင်သေးတယ်…ဖေနဲ့ လူတွေရဲ့ အကြောင်း ဆွေးနွေးချင်သေးတယ်…ဖေ့ရဲ့အတွေ့အကြုံတွေနဲ့ ဘာသာရေး အကြောင်းတွေ ၊ သမိုင်းအကြောင်း ပြောပြတာတွေ ကြားချင်သေးတယ်…သမီး ဝမ်းနည်း ပင်ပန်းရတဲ့အကြောင်းတွေ အများကြီး ပြောပြချင်သေးတယ်…ဖေဖေ့ကို ထားခဲ့ရတာ အပြစ်ရှိသလို ခံစားရတယ်…ဘယ်တော့မှ မမေ့နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးတခုပါပဲ 😢😢😢အဖူးကြီးကျေပာတယ်…

အရင်သွားတဲ့သူက အရင်အနားရတယ်တဲ့…အသက်ရှင်နေတဲ့သူက ကျန်တာဆက်လုပ်ရမယ် သမီးတဲ့…သမီးရဲ့ ဖေဖေ ခက်ခဲ ပင်ပန်းခဲ့သမျှ အေးချမ်း မြင့်မြတ်တဲ့အရပ်မှာ အနားရပါတယ် လို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး နေရပါတယ်… 😢ဒီနှစ်သမီးမွေးနေ့ရောက်ရင် ဒီလိုပုံလေးထပ်ရိုက်လို့ မရတော့ဘူးပေါ့နော်… 😢26 September 2021 ” ဆိုပြီးရေးသားလာခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ထားထက်ထက်ကို အားပေးစကားလေး ရေးပေးသွားကြပါအုံးနော်..

Source: Htar Htet Htet

Add a Comment

Your email address will not be published. Required fields are marked *