ခေါင်း အမြဲတမ်း ပိတ်နေပြီး အမြဲလိုလို အသက်ရှူရခက်ခဲနေ သူများ အတွက် ကြက်ဟင်းခါးရွက်

ဒီမနက်ခင်းတော့ နှာခေါင်း အမြဲတမ်း ပိတ်နေပြီး အမြဲလိုလို အသက်ရှူရခက်ခဲလို့ နည်းအမျိုးမျိုးနဲ့ ဆေးထိုး ၊ ဆေးစား ၊ ဆေးသောက် လုပ်နေရတဲ့ အသိ ညီမလေးတစ်ယောက်နဲ့ စကားစပ်မိရင်း ၊သူမ လက်တွေ့ စမ်းသပ်ပြီး သက်သာပျောက်ကင်းခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးတစ်ခုကို မျှဝေချင်ပါတယ် ။

အဲဒီ ညီမလေးရဲ့ အလုပ်ကလည်း အမြဲတမ်း အအေးပတ်ဖွဲ့ပြီး ရေနဲ့ မဖြစ်မနေ ထိစပ် နေရတဲ့ အလုပ်ကလေးပါ ။ဆေးနည်းလေးက ကြက်ဟင်းခါးရွက် နှစ်ရွက်ခန့် ကြိတ်ချေပြီး အရည်ရအောင်ယူပါ ။ထိုအရည်ကို နှာခေါင်းထဲသို့ ထည့်ပြီး ရှူပေးပါ ။

စရှူပြီး သိပ်မကြာခင်မှာ လည်ချောင်းတစ်လျှောက် နာကျင်သလို ခံစားရပြီး ၊တစ်ခါ နှာခေါင်းထဲမှာ တင်းကြပ် ပိတ်ဆို့ သွားတယ်လို့ ခံစားရပါမယ် ။သိပ်မကြာခင် နှာချေလာပါမယ် ။ ပြီးရင် နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ် အခဲ ၊ အပုပ် တွေ ထွက်ကျ လာပြီး

နေရ ထိုင်ရတာ အရင်ကထက်အသက်ရှူရ ကောင်းမွန်ပြီး ပေါ့ပါး သွားပါတယ်လို့ ဝမ်းမြောက်စွာ ဆိုပါတယ် ။ဒီ လို ဝေ ဒ နာ ခံ စား ရ တဲ့ မိတ် ဆွေ များ လို အပ် ရင် အ သုံး ပြု ကြည့် နိုင် ပါ ရန် မျှ ဝေ ပေး လိုက် ပါ တယ် ။ အား လုံး ပဲ အ သက် ရှည် ကျန်း မာ ကြ ပါ စေ ရှင်…။

Credit – မူရင်း

Add a Comment

Your email address will not be published. Required fields are marked *