နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ခဲ့ တဲ့ မင်းသားချော ပိုင်တံခွန် အတွက် ဂုဏ်ပြုသီချင်း သီဆိုပေးတဲ့ ထိုင်းလူမျိုးများ (ရုပ်သံ)

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေး

တစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း ဗီယက်နမ် တရုတ် စတဲ့နိုင်ငံတွေ အပြင် ဥရောပနိုင်ငံတစ်ချို့က

ပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့ လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူ

တစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်း ရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ

အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ ဧပြီလ ၇ ရက်နေ့က အင်းစိန်ထောင်မှာ ဖ.မ်.းဆီ.းချု.ပ်ေ.နှ.ာ.င်ခံခဲ့ရပါတယ်။ ယခုဆိုရင် သူရဲ့ ထိုင်းလူမျိုး ပရိသတ်တွေက

ပိုင်တံခွန်အတွက် အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပြီး သီချင်းလေးစပ်ပြီး သီဆိုပေးခဲ့ကြပါတယ်။ ပိုင်တံခွန်တစ်ယောက် အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *