မြန်မာ့အချမ်းသာဆုံး ဦးတေဇကို ကျော်တက်သွားနိုင်တဲ့ ခရိုနီလက်သစ် ၃ ဦး အကြောင်း
|ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး မြန်မာ့တပ်မတော်၏ အကြီးအကဲများအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်ကြီးအသစ်များ ပြောင်းလဲတာဝန်ယူချိန်တွင် ဗိုလ်ချုပ်ကြီးများ ၏သားသမီးများ နှင့် ၎င်းတို့ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ခရိုနီအသစ်များအဖြစ် ရာထူးပြောင်းလဲသွားကြသည်။
မြန်မာ့အချမ်းသာဆုံး ဦးတေဇကို ကျော်တက်သွားနိုင်တဲ့ ခရိုနီလက်သစ် ၃ ဦး
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံကို စစ်တပ်က နောက်ထပ်တကြိမ် အာဏာသိမ်းခံလိုက်ရသည့် တပြိုင်နက် ခရိုနီအသစ်များသည် အခန်းကဏ္ဍသည်လည်း တဖန်ပြန်ပြီး အရေးပါလာပြန်သည်။
“ဂျော်နသန်ကျော်သောင်း”
သူဟာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံနဲ့အလွန်နီးစပ်ရင်းနှီးသူတဦးဖြစ်ပါတယ်။ စစ်တပ်လောကရဲ့အခေါ်”အိမ်တော်”ရဲ့လိုအပ်တဲ့ဇိမ်ခံပစ္စည်းနဲ့တကွအရာအားလုံးကိုပြည်တွင်းပြည်ပကနေချိတ်ဆက်ဝယ်ယူပေးရတဲ့လူယုံတဦးလည်းဖြစ်ပါသတဲ့။
ဒါ့အပြင်.. အိမ်တော်အတွက်ပြည်တွင်းပြည်ပစီပွားရေးကုမ္ပဏီများနဲ့ချိတ်ဆက်စီမံဆောင်ရွက်ပေးရတဲ့တဦးတည်းသောစီမံခန့်ခွဲရသူလည်းဖြစ်ပါသတဲ့။ ယခုနောက်ဆုံးစီးပွားရေးကိစ္စတခုကတော့..ပါကစ္စတန်နိုင်ငံက JF-17လေယာဉ်တွေ ဝယ်ယူတဲ့ကိစ္စမှာလည်းအဓိကအကျိုးဆောင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းလိုနေရာမျိုးမှာလည်းအများကြီးရင်နှီးမြှုပ်နှံထားနိုင်လို့ခရိုနီလက်ဟောင်းလောကမှာသူ့ကိုအလွန်စိတ်ဝင်စားနေကြသတဲ့။ သူ့လုပ်ကွက်တွေထဲက ရုပ်အဆိုးဆုံးလုပ်ရပ်ကတော့ ဆူးလေဆိပ်ကမ်းကိုအပိုင်သိမ်းလိုက်တဲ့ကိစ္စပါပဲ။ တကယ်တော့ ဆူးလေဆိပ်ကမ်းဟာမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့လက်အောက်နိုင်ငံတော်ပိုင်နေရာပါ။
အဲ့ဒါကို..MECကစည်းလွတ်ဝါးလွတ်သိမ်းယူပြီး..ဂျော်နသန်ကျော်သောင်းကိုဘလိုင်းကြီးလွှဲပေးလိုက်တယ်လို့ဆိုပါတယ်။
ဂျော်နသန်ကျော်သောင်းရဲ့ချမ်းသာကြွယ်ဝမှုကိုခုချိန်မှာ မခန့်မှန်းနိုင်ပေမဲ့ခုနှုန်းအတိုင်းသာဆက်သွားရင်မြန်မာ့အချမ်းသာဆုံးခရိုနီကြီးဦးတေဇကိုကျော်တက်သွားနိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။
ဒါပေမဲ့..ကမ္ဘာ့သတင်းမီဒီယာတွေကတော့သူ့ကိုလုံးဝသတိမထားမိသေးပါဘူး။ ဒါ့ကြောင့်..သိမိသလောက်အနဲငယ်တင်ပြလိုက်ပါတယ်။
“အိုင်ဗန်ထက်”
သူကတော့..ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ရဲ့သားဖြစ်ပါတယ်။ သူ့အဖိုးဟာ..ယခင်မဆလပါတီခေတ်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးသူရကျော်ထင်ပါ။ ဒါ့ကြောင့်မျိုးနဲ့ရိုးနဲ့ဆိုတာမျိုးပါ။
အိုင်ဗန်ထက်ကတော့(Ivan Htet Myanmar Allience Engineering Service Co;ltd)ကုမ္ပဏီထောင်ပြီးမြန်မာလေတပ်အတွက်အစ္စရေးကဝယ်ယူတဲ့ဒရုန်းနဲ့အခြားဆက်စပ်ပစ္စည်းတွေတင်သွင်းခွင့်ရထားတဲ့တဦးတည်းသောပုဂ္ဂိုလ်ထူးပါ။
လေ/ချုပ်အဆက်ဆက်ထဲမှာသူကံအလွန်ကောင်းပါတယ်။ NLD လက်ထက်မြန်မာ့လေတပ်ကိုစပြီးအဆင့်မြှင့်တင်လာတဲ့ကာလမှာမှသူ့အဖေဟာလေချုပ်ဖြစ်လာတာပါပဲ။
လေ/ချုပ်ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာသူ့သားအိုင်ဗန်ထက်တင်မကပဲသူ့တူကိုလင်းထက်နဲ့တူမမွန်ရည်တို့ကိုပါကုမ္ပဏီထောင်ပြီးတပ်မတော်လေအတွက်စစ်လက်နက်ပစ္စည်းများကို (Family Bussiness)ဆန်ဆန်ဝယ်ယူတင်သွင်းနေသူဖြစ်ပါသတဲ့။
ဒါ့ကြောင့်..မျိုးချစ်ပုဂ္ဂိုလ်လို့လည်းနာမည်ပြောင်ခေါ်ဆိုနေကြတယ်လို့ဆိုပါတယ်။ ငယ်သော်၊သေးသော်လေးအထင်မသေးကြနဲ့ဆိုသလိုပါပဲ..ဒရုန်းတို့၊ရေဒါပစ္စည်း၊လေတပ်သုံးပစ္စည်းတွေဆိုတာသေးပေးမဲ့ဒေါ်လာသန်းချီတန်ပါတယ်။
ဒီနှုန်း၊ဒီဂွင်၊ဒီအထိုင်အတိုင်းသာဆက်သွားမယ်ဆိုရင်အိုင်ဗန်ထက်စီးပွားရေးလုပ်ငန်းစုရဲ့ဥစ္စာဓနဟာဦးတေဇကိုမမှုလောက်ဖူးလို့ထင်ကြေးပေးနေကြပါတယ်ခင်မျာ။
“ဦးအောင်လှိုင်ဦး”
သူကတော့ (Myanmar chemical& Machinery)ကုမ္ပဏီရဲ့အကြီးအကဲတဦးပါ။ ဒါပေမဲ့..ကမ္ဘာ့မီဒီယာတွေကသိထားတာကတော့ မြန်မာ့လက်နက်ပွဲစားကြီးလို့သိထားပါတယ်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ချစ်လှစွာသောသားဖြစ်သူဦးအောင်ပြည့်စုံနဲ့အလွန်ခင်မင်ရင်းနှီးသူစီးပွား ရေးပါတနာတဦးဖြစ်ပါသတဲ့။ နောက်ထပ်သူ့ရဲ့အရည်အချင်းတခုကတော့ကိုင်းကြီးကြီးမှာနားတတ်တာပါပဲ။
ဘယ်လိုကိုင်းမျိုးလည်းဆိုတော့ယခင်စစ်ထောက်ချုပ်လုပ်ခဲ့ပြီးလက်ရှိ(MEC) ဥက္ကဌလည်းလုပ်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးညိုစောရဲ့ကိုင်းကြီးကြီးမှာနားခွင့်ရတဲ့အလွန်နီးကပ်တဲ့ဆက်ဆံရေးလည်းရှိပါသတဲ့။
နောက်ပြီး ယူကရိန်းနိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝင်ကြီးတဦးအဖြစ်လည်းသူ့ကိုခန့်အပ်ထားပါသတဲ့ခင်မျာ။ သူကတော့အိုက်ဗန်ထက်တို့လိုသေးသေးကျစ်ကျစ်နဲ့ဒေါ်လာသန်းချီရနေတာမျိုးမလုပ်ပါဘူး။
ကိုင်းကြီးကြီးမှာနား၊ဂွင်ကြီးကြီးရိုက်ပြီးယူကရိန်းနိုင်ငံက..စစ်လက်နက်အကြီးကြီးတွေကိုတင်သွင်းပြီးချမ်းသာကြွယ်ဝလာတာပါ။ 2015နောက်ပိုင်းကစပြီးလေယာဉ်၊သင်္ဘောနဲ့တင့်ကားအစိပ်အပိုင်းများကိုသူ..တရစပ်တင်သွင်းခဲ့ပါသတဲ့။
သူအားထုတ်ခဲ့တဲ့ BTR4 စစ်သည်တင်သံချပ်ကာယာဉ်၊ MMT-40 အပေါ့စားတင့်ကားနဲ့ 2SIU ဟောင် ဝ ဇ္ဇာ အ မြောက် များကို ယူကရိန်းနဲ့ပူးတွဲထုတ်လုပ်မဲ့ပရောဂျက်ဟာ မြန်မာလူထုအတွက်အလွန်အန္တရာယ်များတယ်လို့ (Justice for Myanmar)ကထောက်ပြထားပါတယ်။
ယူကရိန်းနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများ နှင့် မြန်မာ့စစ်တပ်တို့ကြား စစ်လက်နက် ဝယ်ယူရေးအတွက် ပေါင်းကူးဆက်သွယ်ပေးနေသော စစ်လက်နက်ပစ္စည်း အဝယ်တော် ဦးအောင်လှိုင်ဦးကို ၂၀၁၇ ခုနှစ် နှစ်အစပိုင်းတွင် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် မြန်မာစစ်တပ်က ခန့်အပ်ခဲ့ပါသတဲ့။
ယခုနှစ်မေ(၃၁)နောက်ပိုင်းတိုင်းရင်းသားနယ်တွေအပေါ်မှာမြန်မာလေတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေများလာတာဟာ..သူတင်သွင်းလာတဲ့တာ ဘိုင်အင်ဂျင်အစိပ်အပိုင်းတွေရဲ့လက်ချက်လို့ဆိုပါတယ်။
စစ်တပ်နှင့် ဆက်နွှယ်မှုရှိသည့် စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ခုအရ အောင်လှိုင်ဦး သည် ယူကရိန်းနိုင်ငံမှ လက်နက်ဝယ်ယူရေးအတွက် ကော်မရှင်ခအဖြစ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ရရှိပြီး ယင်းပမာဏသည် ဦးအောင်လှိုင်ဦး ၏ စီးပွားရေးလုပ်ငန်းများ နှင့် ယူကရိန်းအစိုးရ အတွက် ကြီးမားသည့် အကျိုးအမြတ်ဖြစ်ကြောင်း Justice For Myanmar က ဆိုသေးသည်။
မြန်မာလူထုအတွက်တော့အလွန်အန္တရာယ်များတဲ့ခရိုနီပါပဲ။ အဲ့ဒီတော့ ဦးအောင်လှိုင်ဦးဟာလည်းဒီကိုင်းမှာဆက်နားပြီး၊ဒီဂွင်အတိုင်းသာဆက်ရှိနေအုံးမယ်ဆိုရင်ဦးတေဇကိုနောက်ကောက်ချပစ်နိုင်တဲ့ခရိုနီလက်သစ်တဦးဖြစ်လာနိုင်တယ်လို့ခန့်မှန်းပြောဆိုနေကြပါသတဲ့ခင်မျာ။
Ref: Irrawaddy News