လတ်တလောမှာ ထွက်ပေါ် နေတဲ့ သတင်းမှားတွေ အပေါ် သက်သေအခိုင်အမာ နဲ့ ပြောပြလာ တဲ့ ကိုပေါက် ရဲ့ ဇနီး (ရုပ်/သံ)




Credit

unicode

ဒါရိုက်တာ ကိုပေါက်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေ သို့ တော်လှန်ရေးတိုက်ပွဲများ အတွက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးနဲ့ သားတွေကတော့ ရန်ကုန်မှာပဲ ကျန်နေရစ် ခဲ့တာ ဖြစ်ပါတယ်။ကိုပေါက်ရဲ့ဇနီးကတော့ စားဝတ်နေရေးအတွက် အဝတ် အထည်တွေကို အွန်လိုင်းကနေ Live လွှင့် ဈေးရောင်း နေခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ကိုပေါက်ဇနီးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုလေး တစ်ခု တင်ပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ PDF တွေကိုထောက်ပံ့နေတယ်လို့ သတင်းထွက်နေတဲ့ အပေါ် သက်သေအခိုင်အမာများဖြင့် ဖြေရှင်းလိုက်တဲ့ ကိုပေါက်ဇနီးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

သူမကတော့ စားဝတ်နေရေးအဆင်ပြေအောင် နေထိုင်နေရတဲ့အတွက် ဘယ်သူ့ကိုမှ ထောက်ပံ့လို့ အဆင်မပြေကြောင်း ရှင်းပြ ထားပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်မှာ သူမအား PDF တွေကို ထောက်ပံ့နေတယ်လို့ သတင်းလွှင့်နေသူများရဲ့ Facebook အကောင့်တွေကိုလည်း သေချာပြသ လာခဲ့ပါတယ်။Live လွှင့်ရင်း ဝမ်းနည်း မျက်ရည်ကျခဲ့တာကြောင့် ပရိသတ်တွေက ဝမ်းနည်းနေခဲ့ရတာ ဖြစ်ပါတယ်။ အားလုံးလည်း ကြည့်ရှုကြဖို့ ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit

Add a Comment

Your email address will not be published. Required fields are marked *