အမိုက်စားအင်္ကျီလေးဝတ်ဆင်ပြီး အပီအပြင်ဒွန့်နေ တဲ့ဆောင်းယွန်းစံ

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆောင်းယွန်းစံက သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပါးလွှာတဲ့ဇာအင်္ကျီလေးကိုဝတ်ဆင်ထားပြီးစွဲမက်စရာကောင်းလောက်အောင် အပီကိုဒွန့်နေတဲ့ဆောင်းယွန်းစံရဲ့Tik Tok Video လေးတွေပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။ အသည်း ယားစရာကောင်းလွန်းလှတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသ မီးချောလေး ဆောင်းယွန်းစံပဲ ဖြစ်ပါတယ်။

သူမရဲ့ ပုံစံလေးကလည်း ကလေးတစ်ယောက်လို အပြစ်ကင်းစင်တာကြောင့် အားလုံးက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ လှူချင်တန်း ချင်စိတ်လည်း အမြဲရှိပြီး ပရဟိတအလုပ်တွေကိုလည်း တတ်နိုင်သလောက် လုပ်ဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါ တယ်။မနေ့ ကလည်း သူမ ပရိသတ်တွေရဲ့ တစ်ယောက်တစ်ထောင်စီ အလှူငွေ ထည့်ဝင်မှုတွေနဲ့ Ambulance တစ်ဦး လှူဒါန်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နောက်ထပ်တစ်စီးလည်း အင်္ကျီလေးတွေရောင်းလို့ရတဲ့ ပိုက်ဆံလေးတွေနဲ့ လှူဒါန်းသွားဖို့ ရှိတယ်လို့လည်း ပြောကြားထား ပါသေးတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိတာကြောင့် TikTok လေးတွေ ဆော့က စားကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။

Source and Photo Crd- Saung Yoon San’s Facebook and Tik Tok Account

Add a Comment

Your email address will not be published. Required fields are marked *