အွန်လိုင်းမှာ ခေတ်စားနေတဲ့ တူရကီ ရေခဲမုန့်ဆိုင်က အကလေးနဲ့အပီအပြင် ဒွန့်ထားတဲ့ ဗီဒီယိုလေးကို ထုတ်ပြလိုက်တဲ့ “သင်းသင်း”

အလှမယ်သင်းသင်းလို့ဆိုလိုက်တာနဲ့ ပရိသတ်တွေလည်း သိပြီးသား ဖြစ်ကြမှာပါနော်.. သူမကတော့ မင်းသားဝေဠုကျော်နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်းမှာ‌တော့ ဝေဖန်မှုတစ်ချို့ကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်… မကြာခင်ကာလတုန်းကလည်း သင်းသင်းဦးဆောင်တဲ့ ပရိဟိတအဖွဲ့တစ်ခုနဲ့လည်းအဆင်မပြေမှုတွေ ဖြစ်လာခဲ့ပြီး သူမ ကိုယ်တိုင် စိတ်ညစ်မှုတွေနဲ့အတူ Live လွှင့်ပြီး ဖြေရှင်းလာခဲ့ပါသေးတယ်။ ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရမှာ့ လူတိုင်းဟာ စီးပွားရေးတွေ ကျပ်တည်းကုန်ကြတာ ဖြစ်ပါတယ်နော်.. ..

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ကိုဗစ်ကြောင့်လည်း အောက်ဆီဂျင်လိုအပ်တဲ့နေရာတွေမှာလည်း သင်းသင်းက အောက်ဆီဂျင်တွေ ရှာပေးတဲ့လုပ်အားဒါနတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ သင်းသင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို ဖေ့ဘုတ်စာမျက်နှာမှာ မတင်တော့ဘဲ Tiktok မှာပဲ တင်ပေးနေတာ ဖြစ်ပါတယ်။ မကြာခင်ရက် ပိုင်းတုန်းကတော့ သူမရဲ့ ကိုယ်ပိုင်ကားနဲ့ တင်လာခဲ့တဲ့ ဗီဒီယိုလေးကြောင့် အားလုံးက ချစ်ပြီးအားပေးစကားတွေပြောထားကြပါသေးတယ်နော်.

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီနေ့လေးမှာလည်း တစ်တော့မှာ ရေပန်းစားနေတဲ့ တူရကီအက လေးနဲ့ ကထား တဲ့ ဗီဒီယိုလေးကို တင်ပေးလာတာ ဖြစ်ပါတယ်နော်…သင်းသင်းကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ဗီဒီယိုအောက်မှာ ကောမန့်တွေနဲ့ ချစ်စကားတွေ ပြောထားကြတာ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း သင်းသင်းရဲ့ ကထားတဲ့ အက ဗီဒီယိုလေး ကိုကြည့် ပြီးချစ်ပေးကြပါအုံးနော်…

Source: Thin Thin

Add a Comment

Your email address will not be published. Required fields are marked *