ေတာင္သူမ်ား စပါးစိုက္ စရိတ္ မကာမိ ဘဲ အ႐ႈံးျဖင့္ ရင္ဆိုင္ေနရ

ျမန္မာႏိုင္ငံ၏ ေဒသတခ်ိဳ႕တြင္ မိုးစပါးမ်ား ေပၚလာေနသည့္တိုင္ စပါးရိတ္သိမ္းခ်ိန္တြင္ စက္သုံးဆီေဈးမ်ား ျမႇင့္တက္ေန သည့္အတြက္ ေတာင္သူမ်ားသည္ စိုက္ပ်ိဳးစရိတ္ႏွင့္ထြက္႐ွိေသာ စပါးမွရ႐ွိသည့္ ေဈးႏႈန္းမကာမိဘဲျဖစ္၍ အ႐ႈံးျဖင့္ ရင္ဆိုင္ ေနရေၾကာင္း လယ္သမားမ်ားထံမွ သိ႐ွိရပါသည္။

လက္႐ွိတြင္ ျမန္မာႏိုင္ငံ၏ ေဒသတခ်ိဳ႕မွာ စပါးေပၚစအခ်ိန္က ယခင္ႏွစ္ထက္ စပါးေဈး က်ပ္ ၁၀၀၀၀၀ (တစ္သိန္း)ခန္႔ ေဈးက်ျခင္း၊ စိုက္ပ်ိဳးခ်ိန္၌ သြင္းအားစုေဈးမ်ားႏွင့္ ယခုရိတ္သိမ္းခ်ိန္မွာ စက္သုံးဆီေဈးမ်ား ျမႇင့္တက္သည့္အတြက္ စိုက္ပ်ိဳး စရိတ္ႏွင့္ထြက္႐ွိေသာ စပါးမွ ရ႐ွိသည့္ ေဈးႏႈန္း မကာမိဘဲ ျဖစ္ကာ ေတာင္ သူမ်ား အ႐ႈံးျဖင့္ ရင္ဆိုင္ေနရျခင္း ျဖစ္သည္။

ေတာင္သူလယ္သမားအသင္းဥကၠ႒ ဦးသိန္းေအာင္က “မိုးစပါး အေျခအေနကေတာ့ တစ္ခ်ိဳ႕ ေခါင္ခါးတဲ့ ေနရာေတြမွာ တင္း ၁၀၀ ကို က်ပ္ ၄၅၀၀၀၀ ေဈးေလာက္ ႐ွိၿပီးေတာ့ နည္းနည္း အထိုက္အေလွ်ာက္႐ွိတဲ့ ေနရာေတြမွာ က်ပ္ ၅၀၀၀၀၀ ေဈး ေလာက္႐ွိတယ္။ ဒီႏွစ္ကေတာ့ ေတာင္သူေတြ အ႐ႈံးနာတယ္ေပါ့။ မႏွစ္ကတုန္းက သြင္းအားစုက ဒီဇယ္က တစ္ေပပါကို က်ပ္ ၁၆၀၀၀၀ ၊ က်ပ္ ၁၇၀၀၀၀ ၊ ဒီႏွစ္မွာေတာ့ က်ပ္ ၃၀၀၀၀၀ ၊ ေျမဩဇာက မႏွစ္ကတုန္းက က်ပ္ ၂၇၀၀၀ ၊ ဒီႏွစ္က က်ပ္ ၆၀၀၀၀ ေက်ာ္၊ မႏွစ္က ေကာက္ရိတ္ စက္ခက က်ပ္ ၄၀၀၀၀ ၊ဒီႏွစ္က ၆၀၀၀၀ ေက်ာ္ ျဖစ္တယ္။ မႏွစ္က စပါးေပၚစမွာ ေဈးက က်ပ္ ၅၅၀၀၀၀ ၊ ဒီႏွစ္က အဲဒီေဈးနဲ႔ ဝယ္တဲ့ေနရာေတာင္ မ႐ွိသေလာက္ျဖစ္ေနေတာ့ ေတာင္သူေတြ ဒီႏွစ္က ေတာ္ေတာ္ေလး႐ႈံးပါတယ္” ဟု ေျပာပါသည္။

ေတာင္သူမ်ား ဆိုးဆိုးဝါးဝါး အ႐ႈံးမေပၚေအာင္ သက္ဆိုင္ရာ တာဝန္႐ွိသူမ်ားအေနျဖင့္ ကူညီေျဖ႐ွင္းေပးသင့္ေၾကာင္း၊ ယခု အတိုင္း ဆက္သြားပါက ေတာင္သူမ်ား ေတာ္ေတာ္ထိခိုက္မည့္ အေျခအေနျဖစ္ေၾကာင္း ၎က ဆိုပါသည္။

ယခုႏွစ္တြင္ ေကာက္ရိတ္သိမ္းခ၊ ေျမဩဇာ သြင္းအားစုေဈးမ်ား၊ စက္သုံးဆီေဈးမ်ား တက္ျခင္းေၾကာင့္ ကုန္က်စရိတ္မွာ ယခင္ႏွစ္ စိုက္ပ်ိဳးစရိတ္မ်ားထက္ ပ်မ္းမွ် စပါးတင္း ၇၀ ထြက္သည့္ လယ္တစ္ဧကလွ်င္ ယခင္က က်ပ္သုံးသိန္း ကုန္က်ပါက ယခုႏွစ္တြင္ က်ပ္ေလးသိန္းခြဲအထိ ကုန္က်ခဲ့သျဖင့္ က်ပ္တစ္သိန္းခြဲခန္႔ ပို၍ ကုန္က်မႈမ်ား ႐ွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ယခုစပါးေဈးႏွင့္ စိုက္ပ်ိဳးစရိတ္ တြက္ၾကည့္မည္ဆိုလွ်င္ စပါး တစ္ဧကလွ်င္ က်ပ္ငါးသိန္း ေဈး ေရာင္းရပါက တစ္ဧကကို က်ပ္တစ္သိန္းခန္႔ ႐ႈံးၿပီး က်ပ္ေျခာက္သိန္း ေဈးေရာင္းရပါက အရင္းတြက္ေခ်ကိုက္ေၾကာင္း လယ္သမားမ်ားက ေျပာသည္။

လက္႐ွိ ျပည္တြင္း၌ ျမန္ေအာင္၊ ၾကံခင္း၊ ဇလြန္၊ က်ံဳေပ်ာ္၊ ပန္းတေနာ္၊ ဟသၤာတ၊ ဓႏုျဖဴ ႏွင့္ အိမ္မဲ စသည့္ ေဒသမ်ားတြင္ မိုးစပါးမ်ား ေပၚစျပဳေနၿပီျဖစ္သည္။

ေအာက္တိုဘာလ လဆန္းပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္း ေဒသႀကီး၊ မြန္ျပည္နယ္ အစ႐ွိသည့္ ေနရာမ်ားတြင္ စပါးမ်ား အထြက္ႏႈန္းမ်ားမည္ ျဖစ္သည္။

သို႔ေသာ္လည္း လက္႐ွိတြင္ စပါးေဈးမ်ား က်ေနျခင္းေၾကာင့္ စပါးေပၚစအခ်ိန္ျဖစ္သည့္တိုင္ လယ္သမားမ်ား အ႐ႈံးႏွင့္ ရင္ဆိုင္ ေနရေၾကာင္း လယ္သမားလည္းျဖစ္သူ ဉီးသိန္းေအာင္က ေျပာသည္။

unicode

မြန်မာနိုင်ငံ၏ ဒေသတချို့တွင် မိုးစပါးများ ပေါ်လာနေသည့်တိုင် စပါးရိတ်သိမ်းချိန်တွင် စက်သုံးဆီဈေးများ မြှင့်တက်နေ သည့်အတွက် တောင်သူများသည် စိုက်ပျိုးစရိတ်နှင့်ထွက်ရှိသော စပါးမှရရှိသည့် ဈေးနှုန်းမကာမိဘဲဖြစ်၍ အရှုံးဖြင့် ရင်ဆိုင် နေရကြောင်း လယ်သမားများထံမှ သိရှိရပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဒေသတချို့မှာ စပါးပေါ်စအချိန်က ယခင်နှစ်ထက် စပါးဈေး ကျပ် ၁၀၀၀၀၀ (တစ်သိန်း)ခန့် ဈေးကျခြင်း၊ စိုက်ပျိုးချိန်၌ သွင်းအားစုဈေးများနှင့် ယခုရိတ်သိမ်းချိန်မှာ စက်သုံးဆီဈေးများ မြှင့်တက်သည့်အတွက် စိုက်ပျိုး စရိတ်နှင့်ထွက်ရှိသော စပါးမှ ရရှိသည့် ဈေးနှုန်း မကာမိဘဲ ဖြစ်ကာ တောင် သူများ အရှုံးဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က “မိုးစပါး အခြေအနေကတော့ တစ်ချို့ ခေါင်ခါးတဲ့ နေရာတွေမှာ တင်း ၁၀၀ ကို ကျပ် ၄၅၀၀၀၀ ဈေးလောက် ရှိပြီးတော့ နည်းနည်း အထိုက်အလျှောက်ရှိတဲ့ နေရာတွေမှာ ကျပ် ၅၀၀၀၀၀ ဈေး လောက်ရှိတယ်။ ဒီနှစ်ကတော့ တောင်သူတွေ အရှုံးနာတယ်ပေါ့။ မနှစ်ကတုန်းက သွင်းအားစုက ဒီဇယ်က တစ်ပေပါကို ကျပ် ၁၆၀၀၀၀ ၊ ကျပ် ၁၇၀၀၀၀ ၊ ဒီနှစ်မှာတော့ ကျပ် ၃၀၀၀၀၀ ၊ မြေဩဇာက မနှစ်ကတုန်းက ကျပ် ၂၇၀၀၀ ၊ ဒီနှစ်က ကျပ် ၆၀၀၀၀ ကျော်၊ မနှစ်က ကောက်ရိတ် စက်ခက ကျပ် ၄၀၀၀၀ ၊ဒီနှစ်က ၆၀၀၀၀ ကျော် ဖြစ်တယ်။ မနှစ်က စပါးပေါ်စမှာ ဈေးက ကျပ် ၅၅၀၀၀၀ ၊ ဒီနှစ်က အဲဒီဈေးနဲ့ ဝယ်တဲ့နေရာတောင် မရှိသလောက်ဖြစ်နေတော့ တောင်သူတွေ ဒီနှစ်က တော်တော်လေးရှုံးပါတယ်” ဟု ပြောပါသည်။

တောင်သူများ ဆိုးဆိုးဝါးဝါး အရှုံးမပေါ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကူညီဖြေရှင်းပေးသင့်ကြောင်း၊ ယခု အတိုင်း ဆက်သွားပါက တောင်သူများ တော်တော်ထိခိုက်မည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ယခုနှစ်တွင် ကောက်ရိတ်သိမ်းခ၊ မြေဩဇာ သွင်းအားစုဈေးများ၊ စက်သုံးဆီဈေးများ တက်ခြင်းကြောင့် ကုန်ကျစရိတ်မှာ ယခင်နှစ် စိုက်ပျိုးစရိတ်များထက် ပျမ်းမျှ စပါးတင်း ၇၀ ထွက်သည့် လယ်တစ်ဧကလျှင် ယခင်က ကျပ်သုံးသိန်း ကုန်ကျပါက ယခုနှစ်တွင် ကျပ်လေးသိန်းခွဲအထိ ကုန်ကျခဲ့သဖြင့် ကျပ်တစ်သိန်းခွဲခန့် ပို၍ ကုန်ကျမှုများ ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုစပါးဈေးနှင့် စိုက်ပျိုးစရိတ် တွက်ကြည့်မည်ဆိုလျှင် စပါး တစ်ဧကလျှင် ကျပ်ငါးသိန်း ဈေး ရောင်းရပါက တစ်ဧကကို ကျပ်တစ်သိန်းခန့် ရှုံးပြီး ကျပ်ခြောက်သိန်း ဈေးရောင်းရပါက အရင်းတွက်ချေကိုက်ကြောင်း လယ်သမားများက ပြောသည်။

လက်ရှိ ပြည်တွင်း၌ မြန်အောင်၊ ကြံခင်း၊ ဇလွန်၊ ကျုံပျော်၊ ပန်းတနော်၊ ဟင်္သာတ၊ ဓနုဖြူ နှင့် အိမ်မဲ စသည့် ဒေသများတွင် မိုးစပါးများ ပေါ်စပြုနေပြီဖြစ်သည်။

အောက်တိုဘာလ လဆန်းပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်း ဒေသကြီး၊ မွန်ပြည်နယ် အစရှိသည့် နေရာများတွင် စပါးများ အထွက်နှုန်းများမည် ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် စပါးဈေးများ ကျနေခြင်းကြောင့် စပါးပေါ်စအချိန်ဖြစ်သည့်တိုင် လယ်သမားများ အရှုံးနှင့် ရင်ဆိုင် နေရကြောင်း လယ်သမားလည်းဖြစ်သူ ဉီးသိန်းအောင်က ပြောသည်။

Add a Comment

Your email address will not be published. Required fields are marked *