တောထဲမှာ အလွန်ထူးဆန်းလွန်းသော အကောင်တစ်ကောင်မြင်တွေ့ခဲ့တာကြောင့် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ မြနှင်းရည်လွင်




unicode

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက်တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေ အားလုံး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းတွေကိုလည်း လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှထုတ်လွင့်တဲ့ သတင်းကဏ္ဍများတွင် အစီစဉ်တင်ဆက်သူအဖြစ်နဲ့ပါ တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း မြနှင်းရည်လွင်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ပေးလာတာကို မြင်တွေ့ရပါတယ်။ ဒါကတော့ တောထဲမှာ သင်းခွေချပ်တစ်ကောင် သွားလာနေတာကို ဓာတ်ပုံလေးရိုက်ပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ တောထဲမှာ အကောင်မျိုးစုံရှိနေတာကြောင့် ပရိသတ်တွေက ရဲဘော်တွေရဲ့ လုံခြုံရေးအတွက်စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မလွယ်ကူတဲ့ လမ်းကိုရွေးချယ်ထားတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်ဖြတ်သန်းနေရပေမယ့် လုံးဝမမှုဘဲ ရဲရင့်လွန်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ စစ်သင်တန်းလည်း တက်ရောက်ပြီးပြီဖြစ်တာကြောင့် ရန်သူတွေကိုချေမှုန်းဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သရုပ်ဆောင် မြနှင်းရည်လွင်တစ်ယောက် ဘေးကင်းလုံခြုံဖို့ ဆုတောင်းပေးသွားကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *