Good Governance စနစ် ကို ဖော်ဆောင် ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဆို




unicode

လွယ်ကူရှင်းလင်းသည့် စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ် မှုစနစ်ဖြစ်မှသာGoodGovernance (အုပ်ချုပ်ခြင်းအမှုအကျင့်) စနစ်ကို ဖော်ဆောင် ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့နေပြည်တော်မှာပြုလုပ်သည့်အစည်းအဝေးတွင်ပြောကြာခဲ့းသည်။

ဒါ့အပြင် ဝန်ကြီးဌာန လုပ်ငန်းများအားလုံး လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်လိုပြီး လုပ်ငန်းများအား မြန်မြန်ထက်ထက်ဆောင်ရွက်ပေးနိုင်ခြင်း ဖြင့် အထက်အောက် ယုံကြည်ကိုးစားမှုကိုရရှိပြီး ကောင်းမွန်သည့် အစိုးရစနစ်ကို ဖြစ်ထွန်းစေသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း မင်းအောင်လှိုင်ကပြောကြားထားပါသည်။

လက်ရှိမြေပြင်အခြေအနေတွင် စစ်တပ်က မတရား အာဏာလုယူခဲ့ပြီးနောက် ရွှေဈေး၊ ဓါတ်ဆီဈေး ၊ ဒေါ်လာဈေး အဆမတန်မြင့်တက်၍ မြန်မာကျပ်ငွေတန်ဖိုးလျော့ကျကာကုန်ဈေးနှုန်းမြင့်တက်မှု ၊ အလုပ်အကိုင်ရှားပါး၍ မိသားဝုဝင်ငွေမရှိမှု တွေနဲ့ ပြည်သူတွေ ရင်ဆိုင်နေရပြီး တိုင်းပြည်၏စီးပွါးရေး ၊ ကျန်းမာရေး နဲ့ လူမှုရေးကဏ္ဍများကအစ အဘက်ဘက်က ယိုယွင်းကျဆင်းလျှက်ရှိပါသည်။

Add a Comment

Your email address will not be published. Required fields are marked *