စီးပြားေရးက်ဆင္း‌ေနတာဟာ အရင္အစိုးရလက္ထက္ကတည္းက က်ေနတာလို စစ္ေကာင္စီ ေဇာ္မင္းထြန္းေျပာၾကား

တိုင္းျပည္ရဲ႕ စီးပြားေရးက်ဆင္း‌ေနတာဟာ ႏိုင္ငံေရးထိုးႏွက္ ခ်က္ေတြပါသလို အရင္အစိုးရလက္ထက္ကတည္းက က်ေနတာလို႔ အာဏာလု စစ္ေကာင္စီက ေဇာ္မင္းထြန္းေျပာၾကားခဲ့သည္။

ျပည္သူ႕အာဏာလုထားတဲ့ စစ္ေကာင္စီက ေဇာ္မင္းထြန္းက တိုင္းျပည္စီးပြားေရး က်ဆင္းေနတာ အရင္ ကိုဗစ္ကာလကတည္းက ျဖစ္ၿပီးေတာ့ အခု ႏိုင္ငံေရး ထိုးႏွက္ခ်က္ေတြေၾကာင့္ ပိုဆိုးေနတာ ျဖစ္တာလို႔ ဒီကေန႔မွာ ေျပာသြားပါသည္။

ဒီကေန႔ စက္တင္ဘာလ ၃၀ရက္ (ယေန႔) မြန္းလြဲပိုင္းက ေနျပည္ေတာ္မွာ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ သတင္းစာ႐ွင္းလင္းပြဲကို ျပဳလုပ္ခဲ့ရာမွာ စစ္ေကာင္စီေနာက္ၿမႇီးဆြဲ သတင္းသမားအမည္ခံ ေန႔စားအမ်ိဳးသားေရးသမားေတြနဲ႔ သတင္းေထာက္တခ်ိဳ႕ တက္ေရာက္ခြင့္ရခဲ့ၾကပါသည္။

“တိုင္းျပည္ရဲ႕စီးပြားေရးက်ဆင္းျခင္းက ကိုဗစ္ပထမလိႈင္း၊ ဒုတိယလိႈင္း ကတည္းက ျဖစ္ေနတာေပါ့။ ဒါေပမဲ့ ဒီအခ်ိန္မွာ ပိုၿပီး ဆိုးလာတယ္။ ႏိုင္ငံေရးထိုးႏွက္ခ်က္ေတြလည္းပါပါတယ္။ သို႔ေသာ္ ဘယ္လိုပဲျဖစ္ျဖစ္ အခုလက္႐ွိ တာဝန္ယူထားတဲ့ အစိုးရကပဲ တာဝန္ယူရမွာပါ။ အသီးကေတာ့ မွည့္ေနတာၾကာၿပီ။ ေႂကြက်ခါနီးလည္း ျဖစ္ေနၿပီ။ ေႂကြက်တာေတာ့ ဒီအစိုးရလက္ထက္မွာ ေႂကြက်တာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ေႂကြက်သည္ျဖစ္ေစ၊ ေႂကြမက်သည္ျဖစ္ေစ ကိုယ့္လက္ထဲမွာ ေႂကြက်တာျဖစ္လို႔ ကိုယ့္ဘာကိုယ္ ျပန္ေကာက္ၿပီး ျပန္လည္ ထူေထာင္ေအာင္ေတာ့ လုပ္ေပးရမယ့္ တာဝန္႐ွိပါတယ္။ ဒီအတိုင္းပဲ လုပ္ေဆာင္ေပးေနတယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္” လို႔ ႏိုင္ငံ့စီးပြားေရး က်ဆင္းမႈနဲ႔ပတ္သတ္ၿပီး သတင္းသမားတေယာက္ရဲ႕ေမးျမန္းတာကို ေဇာ္မင္းထြန္းက ေျပာထားတာ ျဖစ္ပါသည္။

ျပည္သူ႕အစိုးရထံက လက္နက္အားကိုးနဲ႔ အာဏာလုထားတဲ့ စစ္ေကာင္စီဟာ ေဇာ္မင္းထြန္းကို တရားဝင္ေျပာဆိုခြင့္ေပးထားၿပီးေတာ့ ေနျပည္ေတာ္မွာလုပ္ေနတဲ့ သတင္းစာ႐ွင္းလင္းပြဲေတြကို သတင္းသမား အမည္ခံအမ်ိဳးသားေရးသမားေတြ တက္ေရာက္ေနၿပီး ၊ ေဇာ္မင္းထြန္းနဲ႔ အဆင္ေျပ ေန႔စားခရေနတဲ့ သတင္းသမားတခ်ိဳ႕ တက္ေနတယ္လို႔ သိရပါသည္။

unicode

တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်း‌နေတာဟာ နိုင်ငံရေးထိုးနှက် ချက်တွေပါသလို အရင်အစိုးရလက်ထက်ကတည်းက ကျနေတာလို့ အာဏာလု စစ်ကောင်စီက ဇော်မင်းထွန်းပြောကြားခဲ့သည်။

ပြည်သူ့အာဏာလုထားတဲ့ စစ်ကောင်စီက ဇော်မင်းထွန်းက တိုင်းပြည်စီးပွားရေး ကျဆင်းနေတာ အရင် ကိုဗစ်ကာလကတည်းက ဖြစ်ပြီးတော့ အခု နိုင်ငံရေး ထိုးနှက်ချက်တွေကြောင့် ပိုဆိုးနေတာ ဖြစ်တာလို့ ဒီကနေ့မှာ ပြောသွားပါသည်။

ဒီကနေ့ စက်တင်ဘာလ ၃၀ရက် (ယနေ့) မွန်းလွဲပိုင်းက နေပြည်တော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီနောက်မြှီးဆွဲ သတင်းသမားအမည်ခံ နေ့စားအမျိုးသားရေးသမားတွေနဲ့ သတင်းထောက်တချို့ တက်ရောက်ခွင့်ရခဲ့ကြပါသည်။

“တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းခြင်းက ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကတည်းက ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ ပိုပြီး ဆိုးလာတယ်။ နိုင်ငံရေးထိုးနှက်ချက်တွေလည်းပါပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ တာဝန်ယူထားတဲ့ အစိုးရကပဲ တာဝန်ယူရမှာပါ။ အသီးကတော့ မှည့်နေတာကြာပြီ။ ကြွေကျခါနီးလည်း ဖြစ်နေပြီ။ ကြွေကျတာတော့ ဒီအစိုးရလက်ထက်မှာ ကြွေကျတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ ကိုယ့်လက်ထဲမှာ ကြွေကျတာဖြစ်လို့ ကိုယ့်ဘာကိုယ် ပြန်ကောက်ပြီး ပြန်လည် ထူထောင်အောင်တော့ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးနေတယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ နိုင်ငံ့စီးပွားရေး ကျဆင်းမှုနဲ့ပတ်သတ်ပြီး သတင်းသမားတယောက်ရဲ့မေးမြန်းတာကို ဇော်မင်းထွန်းက ပြောထားတာ ဖြစ်ပါသည်။

ပြည်သူ့အစိုးရထံက လက်နက်အားကိုးနဲ့ အာဏာလုထားတဲ့ စစ်ကောင်စီဟာ ဇော်မင်းထွန်းကို တရားဝင်ပြောဆိုခွင့်ပေးထားပြီးတော့ နေပြည်တော်မှာလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲတွေကို သတင်းသမား အမည်ခံအမျိုးသားရေးသမားတွေ တက်ရောက်နေပြီး ၊ ဇော်မင်းထွန်းနဲ့ အဆင်ပြေ နေ့စားခရနေတဲ့ သတင်းသမားတချို့ တက်နေတယ်လို့ သိရပါသည်။

Add a Comment

Your email address will not be published. Required fields are marked *