သားဖြစ်သူကိုကြည့်ရင်း ဂုဏ်ယူအားကျနေရကြောင်း စိတ်မကောင်းဖြစ်စွာပြောပြလာ တဲ့ မင်းမော်ကွန်း

မင်းမော်ကွန်း လို့ပြောလိုက်တာနဲ့ အမြဲတမ်းအရွယ်တင်နုပျိုနေပြီး သရုပ်ဆောင်အင်မတန်ပိုင်နိုင်ထူးချွန်တဲ့ နိုင်ငံကျော်မင်းသား ဆိုတာ ပရိတ်သတ်တိုင်းက သိကြပါတယ်။သူဟာ အခုဆိုရင် အသက်(၄၂)ရှိနေပြီဖြစ်သော်လည်း ယခုချိန်ထိ ပရိတ်သတ်များရဲ့ အားပေးချစ်ခင်မှုကို အတိုင်းထက်အလွန်ရရှိနေသူတစ်ဦးဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သူဟာ ဒီကာလမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး မိသားစုနှင့်အတူတကွ ရှောင်တိမ်းနေရတာ ကြာမြင့်နေပြီဖြစ်လို့ ပရိတ်သတ်အားလုံးက သတိရလွမ်းဆွတ်နေကြပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ယမန်နေ့ အောက်တိုဘာ(၁)ရက်နေ့က သူဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ သူ့သားအငယ်ဆုံးလေး အကြောင်းကို “ဘယ်​နေရာ​ရောက်​ရောက်​ပျော်​အောင်​နေတတ်တဲ့သူ့ကိုပြန်အတုယူရပါတယ်” လို့ စိတ်မကောင်းဖြစ်ဖွယ်ရေးသားဖော်ပြထားပါတယ်။ ကလေးဆိုတဲ့အတိုင်း ဘာမှနားမလည်သေးရှာတဲ့ သူ့သားလေးကို ဂုဏ်လည်းယူသလို စိတ်မကောင်းဖြစ်နေတဲ့ ခံစားချက်ကိုဖော်ထုတ်လာတဲ့အခါ ပရိတ်သတ်များကလည်း ဂရုဏာသက်နေကြတာဖြစ်ပါတယ်။မင်းမော်ကွန်းတို့ မိသားစုလည်းဘေးကင်းကျန်းမာပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Add a Comment

Your email address will not be published.