ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့
ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့
unicode
အစိုးရကို အမြင်ကပ်ပါက ဆ.ဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း စကစခန့် ပြန်ကြားရေးဝန်ကြီး ပြော – အစိုးရကိုအမြင်ကပ်ပါက ဆ.ဲနိုင်သော်လည်း မီတာခကိုမူ မဆောင်ဘဲမနေသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းက ပြောသည်။ စက်တင်ဘာ ၃ဝ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီနေ့ ပြည်သူတွေ မီတာခမပေးချင်ဘူးလို့ ပြောတယ်။
Why ဘာကြောင့်လဲ။ အစိုးရကို အမြင်ကပ်လို့လား။ အစိုးရကို အမြင်ကပ်တာနဲ့ပဲ မီတာခ မပေးရတော့ဘူးလား။ ဒီမိုကရေစီလေ ဘယ်ဟာမှ အလကားမရဘူး။ မီးလင်းချင်ရင် ပိုက်ဆံပေးရမှာပေါ့။ ဒါကျွန်တော်ရိုးရိုးပြောတာပါ။ လျှပ်စစ်ကလည်း မီးတစ်ပွင့်ရဖို့
ဘယ်လောက်လုပ်ရတယ်ဆိုတာလဲ စဉ်းစားလိုက်ရင်သိပါတယ်။ ဓာတ်အားထုတ်ဖို့တိုင်တွေစိုက် ကြိုးတွေသွယ် လူတိုင်းမီးရဖို့ အများကြီးလုပ်ရပါတယ်။ နိုင်ငံတော်ဘတ်ဂျတ်နဲ့ လုပ်ရတယ်။ နိုင်ငံတော်ဘတ်ဂျတ်က ဘာလဲ။ ပြည်သူ့ဘဏ္ဍာပဲ။ အလကား ဘယ်ဟာမှမရဘူး။
ကျွန်တော်ပြောတာ အစိုးရကို အမြင်ကပ်ရင်ဆ.ဲ။ အမြင်ကပ်တာနဲ့ မီတာခမပေးဘူးဆိုတော့ ဒါနိုင်ငံရေးလား။” ဟု ၎င်းကပြောသည်။ ထို့အပြင် မြန်မာနိုင်ငံသားများသည် ပြည်တွင်းစစ်ဖြစ်နေသည်ကိုပင် ရှက်ရကောင်းမှန်းမသိကြတော့ကြောင်း ၎င်းကဆိုသည်။
ကမာ္ဘမှာ တိုင်းရင်းသားလ.က်န.က်ကို.င် ၁ဝဝ လောက်နဲ့ ပြည်တွင်းမှာ ပဋိပက္ခတွေ၊ တို.က်.ပွဲေ.တွဖြစ်နေတာ မြန်မာတစ်နိုင်ငံတည်း ရှိပါတယ်တဲ့။ အင်မတန်ရှက်ဖို့ကောင်းပါတယ်လို့ ကျွန်တော့်ကို လူတစ်ယောက်က ပြောဖူးတယ်။ ကျွန်တော်တို့အနေနဲ့ ရှက်ရကောင်းမှန်း
မသိတော့ဘူး။ ပြောတော့ ကမာ္ဘမှာ မြန်မာဆိုပြီးတော့မှ သွားချင်ကြတယ်။ ကိုယ့်အချင်းချင်းလည်း မတည့်ဘူး။ ကိုယ့်ထက်သာရင်လည်း မနာလိုဖြစ်တယ်။ နိုင်ငံရေးပါတီဆိုလည်း ဖွဲ့လိုက်ရင်အများကြီး၊ တော်ကြာကွဲပြန်ပြီ၊ ပြဲပြန်ပြီ။” ဟု ဝန်ကြီးဦးမောင်မောင်အုန်းက ပြောသည်။
ဦးမောင်မောင်အုန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း အရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသူ ဖြစ်သည်။ စိုင်းစောညို.
Add a Comment
Your email address will not be published.