အထူးဂရုစိုက် သတိ ရှိကြပါနော် – သိန်း ၃၀ အလိမ်ခံလိုက်ရတဲ့ ငွေလိမ်နည်း အသစ်

ဒီနေ့ စစ်ကိုင်းဘက်က လူတစ်ယောက် ကျနော့်ရုံးကိုရောက်လာတယ်။ငွေလွှဲလက်ခံသူဖုန်းလိုချင်လို့ ဝေ့ရုံးဘက်ကိုမေးပေးဖို့ အကူအညီတောင်းခံလာတယ်။ကျနော်လဲ ပြသာနာတစ်စုံတစ်ရာတော့ ရှိနေပြီ ထင်လို့ မေးကြည့်လိုက်တယ်။

သူ့တူမတစ်ယောက်အလိမ်ခံရလို့ပေါ့ အလိမ်ခံရတယ်ဆိုတာထက် ဓားစာခံ သဘောမျိုးပါ။ကောင်မလေးကို အမျိုးသမီး တစ်ယောက်ကဖေ့ဘွတ်မှာ အလုပ်အကိုင်ကောင်းကြောင်း သူ့ပို့စ်တွေကို ရှယ်ပေးရင် ဘောနပ်ပေးကြောင်း အစပိုင်းမှာ ၂ သောင်း ဘောနပ်ပေးတယ် ရှယ်ပေး လို့ပေါ့။

ပြီးခဲတဲ့အပတ်က ပို့တစ်ခုကို လူများတဲ့ဂရု ၇ ခုမှာရှယ်ပေးရင်​ ဘောနပ် သိန်း ၃၀ ရမှာဖြစ်ကြောင်း နိုင်ငံခြားကုမ္ပဏီ ဖြစ်လို့ အကျိုးအမြတ် ကောင်းကြောင်း တစ်ဝက်ခွဲ ပေးမယ်ပြောလာတယ်။ရှယ်ပေးတော့အောင်မြင်လို့ ငွေထုတ်ပေးမယ်ပေါ့။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဆိုင်တစ်ဆိုင်သွားလိုက်ပေါ့ ရောက်ရင် ငွေလွှဲသူနေရာ သူ့နံပါတ်ထည့် လက်ခံသူနေရာမှာ ကောင်မလေးဖုန်းနံပါတ်ထည့်ပြီး ၁၀ သိန်း ၃ခါလွှဲခိုင်းဖို့ပြောတယ်။ကောင်မလေးသိန်း ၃၀ အရင်ထုတ်ယူပြီးမှ တစ်ဝက်ကို သူ့ဆီပြန်လွှဲပေးပေါ့ သူကကောင်မလေးကိုယုံကြည်ပါတယ်ပေါ့။

လွှဲပြီးရင် ဆိုင်ကို ဘဏ်ကနေ ကုမ္ပဏီကလွှဲပေးလိမ့်မယ်ဆိုတဲ့အကြောင်း ကောင်မလေးဖုန်းထဲက မက်ဆေ့ပြပြီး ငွေသိန်း ၃၀ ကြိုက်တဲ့ဆိုင်မှာထုတ်လို့ရကြောင်း အယုံသွင်းလေရဲ့။

ကောင်မလေးလဲသွားလွှဲတာပေါ့ အိမ်ကသိမှာဆိုးလို့တောင်ခိုးထွက်ပြီး သွားလွှဲတယ်။ကောင်မလေးလွှဲတဲ့ ဆိုင်ကဝန်ထမ်းတွေကလဲ လွှဲပေးဆိုတော့ လွှဲပေးတာပေါ့ သိန်း၃၀ လဲလွှဲပြီးရော ဟိုဘက်ကဆိုင်မှာ အသင့်စောင့်နေပြီး ချက်ချင်းထုတ်သွားလေရော။

ဆိုင်ဝန်ထမ်းတွေက ကောင်မလေးဆီငွေတောင်းတော့ ကုမ္ပဏီက လွှဲပေးမယ်ပြောရော သူကငွေရမယ့်သူ ဒီငွေက သူရမယ့်ငွေ လက်ခံမယ့်ဖုန်းနံပါတ်ကလဲ သူနံပါတ်ပါပေါ့။အဲတော့ ကောင်မလေးလဲ ရဲစခန်းရောက်သွားလေရော။အကြောင်းစုံမေးတော့မှ ဒီလိုပြောလာတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

လိမ်လည်မှုအားလုံးသည် လောဘကိုအခြေခံသောကြောင့် မတော်လောဘအားဂရုစိုက်ကြပါရန်။ဘယ်လောက်လေးလုပ်ရုံနဲ့ အရမ်းမြတ်တာ ချေးငွေလိုချင်ရင် အာမခံငွေ ဘယ်လောက်အရင်လွှဲ ၅ သိန်းလွှဲ သိန်း ၅၀ ချေးပေးကြောင်း စသည်ဖြင့် လောဘကြီးသူတွေ မနူးမနပ်တဲ့ သူတွေကို အယုံသွင်း နည်းပေါင်းစုံနဲ့ လိမ်လည်နေကြပါတယ်။

မိမိပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရရင်လဲ အလိမ်မခံရလေအောင် ကူညီပေးကြပါလို့ လူလိမ်တွေ့တာနဲ့ သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားဖို့လဲ တိုက်တွန်းပါတယ်ခင်ဗျာ။

*****ကိုယ့်ဆိုင်ဝန်ထမ်းတွေကိုလည်း ငွေအရင်ယူပြီးမှ ငွေလွှဲပေးဖို့ အထူးသတိပေးပြောကြားစေလိုပါတယ်******

Kyar Che

Add a Comment

Your email address will not be published.