မွေးနေ့မှာ Pre-wedding ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ဗီဗာဟိန်း

ကိုဗစ်ရောဂါရဲ့ရိုက်ခတ်မှုဒဏ်ကိုအများကြီးခံစားခဲ့ရတဲ့ အဆိုတော် ဗီဗာဟိန်းဟာ အခုဆိုရင်ချစ်ရသူနဲ့အတူတူ pre-wedding ဓာတ်ပုံရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ မင်္ဂလာဆောင်အကြိုဓာတ်ပုံလေးများကိုဒီနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံလေးတွေကအရမ်းချစ်ဖို့ကောင်းလို့ သူမရဲ့ပရိသတ်တွေက လိုက်ဖက်ကြောင်းဂုဏ်ယူကြောင်းစာလေးတွေရေးပေးခဲ့ကြပါတယ်။ဒီနေ့မှာဆိုရင် ဗီဗာဟိန်းရဲ့အသက်က ၃၁ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဗီဗာဟိန်းဟာအဆိုတော်ဗိုလ်ဟိန်းရဲ့ သမီးဖြစ်ပြီး သူမရဲ့ ဖခင်ဗိုလ်ဟိန်းအပါအဝင် မိသားစုဝင်အားလုံးဟာ ကိုဗစ်ရောဂါရဲ့ခေါ်ဆောင်သွားမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မိသားစုဝင်တွေအားလုံးမရှိတော့တာကြောင့် သူမအတွက် ပရိသတ်တွေကအများကြီးစိုးရိမ်ခဲ့ကြပေမယ့် အခုလိုလက်တွဲဖော်ရှိသွားလို့ စိုးရိမ်မှုလေးတွေနည်းနည်းတော့လျော့သွားကြမှာပါ။ အဆိုတော် ဗီဗာဟိန်းရဲ့ချစ်ဖို့ကောင်းတဲ့ Pre-wedding ဓာတ်ပုံလေးတွေကို ဝင်ရောက်ကြည့်ရှုပေးသွားကြပါဦးနော်။

Photo – Aroma

Add a Comment

Your email address will not be published.