ဝဋ်လည်နေတာလေးကြည့်ကောင်းလို့ ဆိုကာ နေဒွေးရဲ့ ပို့စ်အောက်မှာ ခံစားချက်တချို့ကို ထိထိမိမိ ဝင်မန့်လိုက်တဲ့ ဆောင်းယွန်းစံ…

ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ အနုပညာလောကမှာ မော်ဒယ်လ်မင်းသမီးအနေနဲ့ အချိန်အတော်ကြာအောင် လျှောက်လှမ်းခဲ့ပြီး နောက် ( ၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေရင်ထဲကို ပိုမိုရောက်ရှိစေခဲ့တဲ့သူပါ။

ဒါ့အပြင် အမြဲအလှူရေစက်လက်နဲ့ မကွာ အောင် ရရင်ရသလို လှူဒါန်းလေ့ရှိတဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

လတ်တလောမှာလည်း ဂယက်ထခဲ့တဲ့ မင်းသမီးနှစ်လက်ဖြစ်တဲ့ မေပန်းချီနဲ့ ဘေဘီမောင်တို့ နှစ်ယောက်ရဲ့ ပြဿနာအပေါ် သူမနဲ့ပြဿနာ ထြစ်ဖူးခဲ့တဲ့ဘေဘီမောင်နဲ့ပတ်သက်ပြီး သူမရဲ့ရင်တွင်းခံစားချက်ကို သူငယ်ချင်းဖြစ်သူနေဒွေးရဲ့ပိုစ့်မှာ မှတ်ချက်ဝင်ပေးကာ ဖော်ပြခဲ့တာပါ

ဘေဘီမောင်ရဲ့ ညီမဖြစ်သူ သံစဉ်မောင်နဲ့ပြဿနာအကြီးအကျယ်တက်ခဲ့ဖူးတဲ့ နေဒွေးကတော့ ဝဋ်ဆိုတာ ကောင်းကောင်းကြီးလည် တတ် တာပဲဆိုတဲ့ စကားလေးနဲ့ ပိုစ့်တင်လာတဲ့အပေါ်မှာ ပြဿနာထဲပါဝင်ခဲ့ရတဲ့ဆောင်းယွန်းစံကလည်း ” ဝဋ်လည်နေတာလေးကြည့်ကောင်းလို့” ဆိုတဲ့စကားနဲ့ မှတ်ချက်ပေးခဲ့တာပါ။

လက်ရှိမှာတော့မင်းသမီးနှစ်ယောက်ရဲ့ ပြဿနာအပေါ် ပရိသတ်တချို့ကလည်း မေပန်းချီဘက်ကပါဝင်ခဲ့ကြသလို ဘေဘီမောင်တို့ညီအစ်မ နှစ် ယောက်နဲ့ ပြဿနာတက်ခဲ့ဖူးတဲ့အနုပညာရှင်များဟာလည်း

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သူတို့ရဲ့ခံစားချင်တွေကို ဖွင့်ဟလာကြတဲ့သူတွေအထဲမှာ ဆောင်းယွန်းစံလည်း ပါဝင်ခဲ့တာပါပဲနော်။ ပရိသတ်ကြီးလည်း ဆောင်းယွန်းစံရဲ့မှတ်ချက်အပေါ်အမြင်လေးကို ဝေမျှခဲ့ပါဦးနော်။ဖတ်ရှု ပေး တဲ့ပရိသတ်ကြီးအားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော်။

Source : Saung Yoon San

Crd CeleKhitThit

Add a Comment

Your email address will not be published.